A d v e r t i s e m e n t With Us

ချဲလ်ဆီးက ခေါ်ယူမည့် ဘာကာရိုကို ဒူးဒဏ်ရာကြောင့် ရာသီအစပွဲများနှင့် လွဲချော်

ချဲလ်ဆီးအသင်းက တရားဝင် ခေါ်ယူစာချုပ်တော့မယ့် မိုနာကို ကွင်းလယ်ကစားသမား ဘာကာရိုကိုဟာ ဒူးဒဏ်ရာရရှိထားလို့ ရာသီအစပွဲတွေကို လွဲချော်ဖို့ရှိနေပါတယ်။ ပြင်သစ်လက်ရွေးစင်လည်းဖြစ်တဲ့ ဘာကာရိုကိုအတွက် ချဲလ်ဆီးအသင်းက ပေါင် ၃၉ ဒသမ ၇ သန်း ပေးချေရမှာဖြစ်ပြီး စနေနေ့မှာ တရားဝင် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ ဘာကာရိုကိုဟာ ပြီးခဲ့တဲ့ရာသီသိမ်းခါနီးမှာ ဒူးဒဏ်ရာရရှိထားတာ ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူထားတာကြောင့် ချဲလ်ဆီးအသင်းရဲ့ ရာသီအစ ၄ ပွဲလောက်ကို လွဲချော်ဖို့ရှိနေ တာပါ။ ချဲလ်ဆီးအသင်းဟာ ဘာကာရိုကို ကိုခေါ်ယူလိုက်တဲ့အတွက် ကွင်းလယ်လူ မာတစ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပြီး အင်တာမီလန်အသင်းနဲ့ ချိတ်ဆက်နေတယ်လို့သိရပါတယ်။ အသက် ၂၂ နှစ်ရှိ ကွင်းလယ်ခံစစ်ကစားသမား ဘာကာရိုကိုဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအသင်းအတွက် ၅၁ ပွဲအထိကစားပြီး ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up