Live
Home
မြန်မာသတင်း
နေပြည်တော်တွင် မူးယစ်ဆေးဝါး သုံးစွဲ ဖြန့်ဖြူးရောင်းချသူများအား ဖမ်းဆီးရမိ
DVB
·
July 15, 2017
မူးယစ်ဆေးဝါး ရောင်းဝယ်ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေအရ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ကောင်းပြည့်ကောင်းကုမ္ပဏီ ၀န်ထမ်းတန်းလျားနဲ့ စားဖိုးဆောင်ကို ဇူလိုင် ၁၃ ရက်နေ့က ၀င်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးနဲ့ သုံးစွဲမှုပြုလုပ်တဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၁ ပြားနဲ့ အစိမ်းရောင် WY စာတမ်းပါ ဆေးပြား ၄ ပြား၊ စိတ်ကြွရှုးသပ်ဆေးပြားသုံးစွဲရာမှာ အသုံးပြုတဲ့ ဗူး/ပိုက် (၁ခု)၊ ခဲပြား အပိုင်းအစ ၅ ခု၊ 88 စာတမ်းပါ ဆေးပြား ၅၆ ပြား တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဆေးပြားတွေကို တစ်ပြား ကျပ် ၃၀၀၀ နှုန်းနဲ့ တွက်ချက်ထားပြီး စုစုပေါင်း ကာလတန်းဖိုးကို ကျပ် ၁၆၈၃၀၀၀ ရှိတယ်လို့ သိရပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲ၊ လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ မလဲ့လဲ့ဝင်း (ခ) မလဲ့ (ကောင်းပြည့်ကောင်းကုမ္ပဏီ ထမင်းချက်) ကို မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေအရ မမစ (၁) မယ(ပ)၂/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉ (က)၊ ၂၀ (က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လယ်ဝေးမြို့နယ်၊ ရေကာအုပ်စု၊ ဗွက်ကြီးရိုးကျေးရွာရှိ ဦးစိုးရွှေ နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာမှာ ဦးစိုးရွှေနဲ့ ဦးကြည်ရှိန်တို့နဲ့အတူ 88 စာတမ်းပါ ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား ၄၁၈ ပြား၊ အစိမ်းရောင် ၄ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ (အချိုရေဗူးခွံ ကြေးပိုက်ထားတဲ့) ဗူး ၂ ဗူး၊ ခဲအပိုင်းအစ ၂၀ ခု ခဲပတ်လိပ် ၁ လိပ် ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးရမိခဲ့တဲ့ အတွက် လယ်ဝေးမြို့နယ်၊ အေလာ နယ်မြေရဲစခန်းက မယ (ပ) ၁/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅၊ ၁၉ (က)၊ ၂၀ (က)၊ ၂၀ နဲ့ တရားခံ ၂ ဦးကို မှုဖွင့်ထားတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024