Live
Home
မြန်မာသတင်း
ပြင်ဆင်ရေးဆွဲနေသည့် သတင်းမီဒီယာဥပဒေ လွှတ်တော်ကိုတင်ပြမည်
အာကာ
·
July 14, 2017
ပြင်ဆင်ရေးဆွဲနေတဲ့ သတင်းမီဒီယာဥပဒေ ကို ဇူလိုင်လ မကုန်မီ လွှတ်တော်ကို တင်ပြသွားမယ်လို့ မြန်မာနိုင်ံ သတင်းမီဒီယာ ကောင်စီ  အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။ ဦးသီဟစောက “သတင်းမီဒီယာ ဥပဒေမှာ ကျနော်တို့ အဓိက ပြင်ချင်တာတော့ သတင်းသမားတွေနဲ့  ပတ်သတ်တဲ့ အမှုအခင်းဖြစ်တယ်ဆိုရင် တရားစွဲဆိုခြင်းမပြုမီ ကောင်စီကို အရင်တိုင်ကြားရမည်လို့ ကျနော်တို့ က ရေးချင်ရဲ့သားနဲ့  တိုင်ကြားနိုင်သည်လို့ အရင်အစိုးရ က ပြင်ထားတယ်။ အဲဒီ့စကားလုံးကို အဓိက ပြင်ချင်တယ်။ တစ်ခုခုဖြစ်လာလို့ ကောင်စီကို အရင်တိုင်ရမည်ဆိုရင် ကျနော်တို့ဖြေရှင်းခွင့်ရမယ်။ မနိုင်မှ တရားစွဲရင်လဲစွဲပေါ့။ ရမည်နဲ့ နိုင်မည်က  မတူဘူး။ နိုင်သည်က တိုင်ချင်တိုင် မတိုင်ချင်နေ။ ရမည်ဆို မဖြစ်မနေ တိုင်ရမယ်။ သတင်းသမားတွေနဲ့ ပတ်သတ်တဲ့ အမှုအခင်းနဲ သွားမယ်လို့ ထင်ပါတယ်။” လို့ပြောပါတယ်။ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် အောက်မြန်မာပြည်က တိုင်းနဲ့ ပြည်နယ် ၇ ခုက သတင်းသမားတွေရဲ့ အမြင်တွေကိုရယူထားပြီး လာမယ့်ရက်ပိုင်းအတွင်း အထက်မြန်မာပြည်က သတင်းသမားတွေရဲ့ အသံတွေကို သတင်းမီဒီယာ ကောင်စီက စုစည်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အာကာ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024