Home
မြန်မာသတင်း
သထုံမြို့တွင် လမ်းလျှောက်လာသူ အမျိုးသမီး ကားတိုက်မိပြီး သေဆုံး
DVB
·
July 14, 2017
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာ ဇူလိုင် ၁၃ ရက်နေ့၊ ညပိုင်းက မော်တော်ယာဉ်တစ်စီး ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတဦးကို ၀င်တိုက်မိလို့ သေဆုံးသွားကြောင်း သိမ်ဆိပ်ရဲစခန်းက ပြောပါတယ်။ ရဲစခန်းတာဝန်ရှိသူတဦးက “ကားသမားက ဘုန်းကြီးကျောင်းရှေ့အရောက်မှာ ရုတ်တရက်အိပ်ငိုက်သွားလို့ လမ်းဘေးကလမ်းလျှောက်သွားတဲ့ အမျိုးသမီးကြီးကိုဝင်တိုက်ပြီး ကားကို လမ်းပေါ်ပြန်ဆွဲတင်တာ၊ နောက်ထပ်ဆိုင်ကယ်စီးလာတဲ့ ၂ ယောက်ကို အနောက်က နေထပ်တိုက်တာပါ။ ကားသမားကိုတော့ အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာပါ"လို့ ပြောပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၇ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ အာသောကာရုံကျာင်းရှေ့အနီး၊ မိုင်တိုင်အမှတ် ၁၃၈/၄နှင့်၁၃၈/၅ကြားတွင် သထုံမြို့နယ်ဘက်က ယဉ်မောင်းကျော်နိုင် မောင်းနှင်လာတဲ့ ယာဉ်ဟာ လမ်းလျှောက်လာသူ ဒေါ်မြင့်သန်းကို ဝင်ရောက်တိုက်မိပြီး လမ်းမပေါ်ကို ပြန်ဆွဲတင်ချိန် အရှိန်မထိန်းနိုင်ဘဲ စိုးလွင်မောင်းနှင်ပြီး နောက်မှာ ကိုမျိုးလိုက်ပါလာတဲ့ ဆိုင်ကယ်နောက်ပိုင်းကို ဆက်လက်တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒေါ်မြင့်သန်းဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး စိုးလွင်နဲ့ ကိုမျိုးတို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။ သိမ်ဆိပ်နယ်မြေရဲစခန်းက ကျော်နိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024