တပ်မတော်ယာဉ်တစီး လမ်းချော်ပြီး ရေချောင်းထဲ ထိုးကျတိမ်းမှောက်၊ ၃ ဦး သေဆုံး
DVB
·
July 14, 2017
ကျိုင်းတုံမြို့မှာ မိုးရွာသွန်း လမ်းချော်မှုကြောင့် မြန်မာ့တပ်မတော်ယာဉ်တစ်စီး လမ်းဘေး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ၃ ဦး သေဆုံး၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
အမှတ် ၅၇၁ ခြေမြန်တပ်ရင်းမှ စစ်သည်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ကျိုင်းတုံမှအသွား ယန်းခ မူလွန်ကျောင်းအနီးမှာ မိုးရွာသွန်းပြီး လမ်းချော်မှုကြောင့် လမ်းဘေးချောင်းထဲ ထိုးကျတိမ်းမှောက်သွားတာလို့ ရဲအုပ်စောသန်းဦးက ပြောသည်။
မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လူ ၁၆ ဦးထဲက ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
"ကားသမားနဲ့ တခြား ၂ ယောက်ပဲ ဘာမှမဖြစ်ဘူး။ ဒဏ်ရရှိသူတွေကလည်း စိုးရိမ်စရာအခြေအနေမရှိပါဘူး။"
ဒဏ်ရာရ စစ်သည်တွေကို အမှတ် (၃/၃၀၀) တပ်မတော် စစ်ဆေးကို ပို့ဆောင်ကုသ ထားတယ်လို့ သိရပါတယ်။
ထက်အာကာမင်း
ဓာတ်ပုံ -ယာဉ်ထိန်းရဲတပ်ဖွဲ့