မြန်မာယူ-၂၂ အသင်း မလေးရှားယူ-၂၂ ကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ဓာတ်ပုံ)


















787
အာရှယူ-၂၃ ခြေစစ်ပွဲစဉ်နဲ့ မလေးရှားဆီးဂိမ်းတို့အတွက် ပြင်ဆင်နေတဲ့ မြန်မာယူ-၂၂ ဘောလုံးအသင်းဟာ မနေ့က မလေးရှား ယူ-၂၂ အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ရာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
မလေးရှားမှာ ယှဉ်ပြိုင်တဲ့ အဲဒီခြေစမ်းပွဲမှာ မြန်မာယူ-၂၂ အသင်းဟာ အောင်ကောင်းမာန်နဲ့ ရွှေကို တိုက်စစ်အတွဲကို ပွဲထုတ်ခဲ့ပြီး စည်သူအောင်၊ ရန်ပိုင်စိုး၊ ရဲရင့်ထွန်း၊ ရန်နိုင်ဦး၊ နန္ဒကျော်၊ သောင်လျပ်ထန်၊ သီဟထက်အောင်၊ နန်းဝေမင်း၊ ဘုန်းသစ္စာမင်းတို့နဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပါတယ်။
မလေးရှားအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၅ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ သွင်းယူသွားပါတယ်။
မြန်မာအသင်းဟာ ချေပဂိုးတွေရဖို့ ဒုတိယပိုင်းမှာ အောင်သူ၊ သန်းပိုင်၊ မောင်မောင်လွင်၊ မောင်မောင်စိုးတို့ကို လူစားလဲပြီး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် မလေးရှားဂိုးသမား လက်စွမ်းပြ ဂာာကွယ်နိုင်ခဲ့တဲ့အတွက် လိုအပ်တဲ့ချေပဂိုးတွေ မရခဲ့ပါဘူး။
မြန်မာယူ-၂၂ အသင်းဟာ မလေးရှားခြေစမ်းပွဲက ပြန်လာပြီးနောက် အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ဇူလိုင် ၁၅ ရက်နေ့မှာ ပြန်လည်လေ့ကျင့်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဇူလိုင် ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ယှဉ်ပြိုင်မယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်