သာစည်မြို့တွင် စိတ်ကြွဆေးပြား သိန်း ၂၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
July 13, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၁၂ ရက်ည ၁၁ နာရီလောက်က တောင်ကြီးဘက်ကဆင်းလာတဲ့ မသီရိလွင်ရဲ့ဆိုင်ကယ်ထဲက စိတ်ကြွဆေးပြား ၇၇၅၀ ပြား သိန်းပေါင်း ၂၃၂ သိန်းကျော်ဖိုးဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်ဝေဖြိုးအောင်က "ဆိုင်ကယ်ဒူးကာအောက် သံဖရိန်ကြားထဲ ဝှက်တယ်။ လေစစ်ဗူးထဲ ဝှက်တယ်။ သာစည်ရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့ ရဲအုပ်ခွန်အောင်ကိုကိုတို့ ပူပေါင်းဖမ်းပါတယ်။ နမ့်စန်မြို့ထွေးဦး (ခ)ဘောတား ဆီကဝယ်လာတယ် ဆိုတာသိရတယ်"လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းက မသီရိလွင်နဲ့ထွေးဦး တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ သုံးစွဲ/လက်ဝယ်ထား/ထုတ်လုပ်ဖြန့်ဖြူး ပုဒ်မ ၁၅/၁၉-က/၂၁ တို့နဲ့ ဖမ်းဆီးအရေး ယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)