A d v e r t i s e m e n t With Us

၁၅ နှစ်သမီးက မိခင်ကို ပစ်သတ်ပြီး အပြစ်ဖုံးကွယ်ရန် နေအိမ်မီးရှို့

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် မောရစ်ဆင်မြို့မှာ ဆယ်ကျော်သက်အရွယ် သမီးက မိခင်ရဲ့ခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သူ့အပြစ်ကို ဖုံးကွယ်ဖို့ မိသားစုနေအိမ်ကို မီးတင်ရှို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း ဇူလိုင် ၁၂ ရက်နေ့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အသက် ၁၅ နှစ်အရွယ် အန်နာရှိုဒါက မိခင်ဖြစ်သူ ပက်ဂီ အသက် ၅၃ နှစ်ကို သေနတ်နဲ့ ပစ်ခတ်ပြီးနောက် သူမရဲ့သူငယ်ချင်းဖြစ်သူ အသက် ၁၅ နှစ်အရွယ် ရေချယ်ဟမ်ကိုပါ မိခင်အလောင်း ရှင်းပစ်ရာမှာ ကူညီဖို့ တိုက်တွန်းခဲ့တယ်လို့ စုံစမ်းရေးမှူးတွေက ပြောပါတယ်။ ဇူလိုင် ၆ ရက်နေ့က မိခင်ဖြစ်သူ အလုပ်မှ အိမ်ပြန်အလာကို အန်နာက စောင့်ဆိုင်းပြီး ပွိုင့် ၃၈ သေနတ်နဲ့ ဦးခေါင်းကို ပစ်ခဲ့တယ်လို့ Sauk Valley သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီ့နောက် အန်နာက မိခင် ပက်ဂီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ “သမီးကို အမေ အခု မြင်ရလားလို့တောင် သမီးမသိတော့ဘူး။ ဒါပေမယ့် အမေက ကျမရဲ့ အကောင်းဆုံးသူငယ်ချင်းပါ ဆိုတာတော့ အမေ့ကို သိစေချင်တယ်။ အမေ့ကို ပြောချင်တာတွေနဲ့ အမေနဲ့အတူတူ လုပ်ချင်ခဲ့တဲ့ အရာတွေ အများကြီးပဲ။ ကျမက သမီးကောင်းတယောက် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ စိတ်မကောင်းပါဘူး အမေရယ်၊ ကျမ အမေ့ကို အရမ်းချစ်တယ်ဆိုတာ သိစေချင်ရုံလေးပါ။ ကျမ အမေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” လို့ ရေးခဲ့ပါတယ်။ အန်နာက သူမအမေရဲ့ မျက်နှာကို ပုဝါနဲ့ဖုံးပြီး နဖူးကို သေနတ်နဲ့ပစ်ခဲ့တာဖြစ်တယ်လို့ စုံစမ်းရေးအရာရှိ တဦးဖြစ်သူ ဒေးဗစ်မော်လီနာက ပြောပါတယ်။ မိခင်ကိုသတ်ပြီးနောက် သူမရဲ့သူငယ်ချင်းဖြစ်သူကို မက်ဆေ့ခ်ျပို့ပြီး ဒီရာဇဝတ်မှုကို ဝန်ခံခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူက မယုံခဲ့လို့ မိခင်အလောင်း ဓာတ်ပုံကိုတောင် ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ရေချယ်က အခင်းဖြစ်ရာနေအိမ်ကို သွားခဲ့ပြီး သူတို့ ၂ ဦး ကော်ဇောမှာ ပေကျံနေတဲ့ သွေးတွေကို ရှင်းလင်းသုတ်သင်ခဲ့ကြပါတယ်။ ရေချယ်က အဲ့ဒီအိမ်မှာ တညတာနေခဲ့ပြီး ဇူလိုင် ၇ ရက်နေ့မှာတော့ အလောင်းကို ဧည့်ခန်းကနေ အိပ်ခန်းထဲပြောင်းပြီး အိပ်ယာခင်းတထည်နဲ့ ဖုံးထားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ဆံပင်တွေ ဆေးဆိုးကာ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ မနက်မှာတော့ သက်သေတွေဖျောက်ဖျက်ဖို့ နေအိမ်ကို မီးတင်ရှို့ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီ့နောက်မှာတော့ အန်နာက ဖခင်ရဲ့အိမ်ကိုသွားပြီး ရေချယ်ကတော့ သူမရဲ့ မိသားစုအိမ်ကို ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မီးသတ်သမားတဦးက မီးလောင်နေတဲ့ သူတို့အိမ်တံခါးကိုဖျက်ပြီး မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ရေချယ်က သူမအပြစ်လုပ်ခဲ့တဲ့အကြောင်း မိခင်ကို ပြောပြီး ရဲတွေထံ သွားရောက်ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ အန်နာကိုတော့ သူမဖခင်ရဲ့အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သူမက အပြစ်ဝန်ခဲ့လို့ လူသတ်မှု ၂ မှုနဲ့ တရားစွဲဆိုထားပေမယ့် ရေချယ်ကိုတော့ ခုထိ တရားဝင် တရားစွဲဆိုမှု မပြုသေးဘူးလို့ သိရပါတယ်။ သူမတို့ ၂ ဦးဟာ လာမယ့် သြဂုတ် ၈ ရက်နေ့ တရားရုံးမှာ အကြိုရင်ဆိုင်ကြားနာဖို့ တက်ရောက်ရမယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up