A d v e r t i s e m e n t With Us

အွန်လိုင်းပေါ် ကောင်းသတင်းဖြင့် နာမည်ကြီးသည့် ထိုင်းရဲအရာရှိ ၂ ဦး ဆုချီးမြှင့်ခံရ

ဓာတ်ပုံ - ထိုင်းရတ်
ကူညီတတ်ပြီး ချောမောတည်ကြည်တဲ့ ဟီးရိုးရဲအရာရှိတွေအဖြစ် အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ ထိုင်းရဲအရာရှိ ၂ ဦးဟာ ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ချင်းမိုင်ခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး သူတို့ ၂ ဦးဟာ လမ်းမအလယ် မူးမေ့လဲကျခဲ့တဲ့ အမျိုးသမီးတဦးကို ကူညီခဲ့ရာကနေ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။ ရဲအရာရှိတွေဟာ အမျိုးသမီးကို ရှေးဦးသူနာပြုစုနည်းတွေနဲ့ ပြုစုပြီး အရေးပေါ်ကားခေါ်ကာ ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစားခဲ့ကြရတာပါ။ အမျိုးသမီးကို ပွေ့ချီပြီး လူနာတင်ယာဉ်ပေါ်မှာ သတိပြန်လည်လာအောင် ရေဖျန်းပေးခဲ့တဲ့ ရဲအရာရှိကိုတော့ တကယ့်ကို ကြင်နာတတ်သူတယောက်အဖြစ် အင်တာနက် စာမျက်နှာတွေပေါ်မှာ လူသိများနေခဲ့ပါတယ်။ ရဲချုပ် ဆာရာယွတ်သ် ဆန်ဂူအန်ခိုဖိုင်က ရဲအရာရှိ ၂ ဦးကို ချီးမြှင့်တဲ့ ဂုဏ်ပြုလက်မှတ်ပေါ်မှာ သူတို့ ၂ ယောက်ရဲ့ လုပ်ဆောင်ချက်ဟာ  ရဲတပ်ဖွဲ့အတွက် ကောင်းတဲ့သာဓကတွေဖြစ်တယ်လို့ ဖော်ပြလိုက်တာပါ။ အသက် ၃၂ နှစ်အရွယ် ခေါင်ဆက်ခ် ကောင်ဂျန်နဲ့ အသက် ၂၆ နှစ်အရွယ် ဝီဆွတ်တ် မွန်လုပ်ခ်တို့ဟာ သူတို့ရဲ့ တာဝန်ချိန်အတွင်းမှာ ဆုချီးမြှင့်ခံခဲ့ရတာပါ။ သူတို့ ၂ ဦးရဲ့ ဓာတ်ပုံတွေဟာလည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ မူးမေ့လဲကျခဲ့တဲ့ အမျိုးသမီးရဲ့ နာမည်ကိုတော့ သတင်းမှာ ဖော်ပြမထားခဲ့ဘဲ ရဲအရာရှိ ၂ ဦးကတော့ ဒါဟာ သူတို့တာဝန်ကို သူတို့ထမ်းဆောင်တာသာဖြစ်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up