A d v e r t i s e m e n t With Us

အမေရိကန်တွင် လူနေတိုက်ခန်းတခု ပြိုကျ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဝါရှင်တန်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က လူနေတိုက်ခန်းတခု ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူတဦး ပိတ်မိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရှင်တန်မြို့ ပြည်သူ့လုံခြုံရေးဌာန ဒါရိုက်တာ ဂျက်ဖ်ယိတ်က “နောက်ဆုံးအခြေအနေကတော့ အဆောက်အဦထဲကနေ ကယ်ထုတ်လာတဲ့လူ အနည်းဆုံး ၅ ယောက် ရှိပါတယ်။ တယောက်တော့ ပိတ်မိနေပါတယ်။ လောလောဆယ် အမျိုးသမီးတယောက်နဲ့ ကလေးတယောက်၊ နှစ်ယောက်လောက်လည်း ပျောက်နေပါတယ်။ ဒီတော့ အထဲမှာပိတ်မိနေတာ ဘယ်သူမှန်းမသိသေးပါဘူး။ အခုချက်ချင်းပဲ အထဲကိုဝင်ကြည့်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း အခုရောက်နေပါပြီ” လို့ ရှင်းပြခဲ့ပါတယ်။ အခုပြိုကျသွားတဲ့ အဆောက်အဦရဲ့ ပထမထပ်မှာ ဆံပင်ညှပ်ဆိုင်ရှိပြီး အပေါ်ထပ်တွေက လူနေတိုက်ခန်းတွေ ဖြစ်ပါတယ်။ အဆောက်အဦပြိုကျတဲ့အချိန် အထဲမှာ လူတွေရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up