Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိ
DVB
·
July 13, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၂ ရက် ည ၁၀ နာရီလောက်က ခရီးသည်တင်မှန်လုံယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိလို့ ယာဉ်နှစ်စီးပေါ်ပါလာတဲ့ ခရီးသည် ၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ည ၁၀ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၁/၄ နဲ့ ၁၁၁/၅ အကြားမှာ ရန်ကုန်ကနေ မော်လမြိုင်ကို ယာဉ်မောင်း ဇင်ကြီး(ခ)ဇာနည်လင်း မောင်းနှင်လာတဲ့ မှန်လုံယာဉ်နဲ့  မျက်နှာချင်းဆိုင်က မောင်းနှင်လာတဲ့ ယာဉ်မောင်း(စိစစ်ဆဲ)၊ ခရီးသည်တင်မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိကြပြီး သေဆုံးဒဏ်ရာရခဲ့ကြတာပါ။ ကျိုက်ထိုမြို့မရဲစခန်း တာဝန်ရှိသူတဦးက “နှစ်စီးလုံးက ခရီးသည်တင်ကားတွေပါ။ ယာဉ်မောင်းက ကားတံခါးပေါက်မှာပိတ်ပြီး သေဆုံးသွားပါတယ်။ ခရီးသည်တွေရဲ့နာမည်နဲ့ ယာဉ်မောင်းရဲ့ နာမည်တွေကိုတော့ စုံစမ်းနေတုန်းပါ။ ယာဉ်မောင်းတဦးရဲ့နာမည်ကတော့ ရထားပြီးပါပြီ။ ခရီးသည်တွေကိုတော့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ပေးနေပါတယ်” လို့ ပြောပါတယ်။ ကျိုက်ထိုမြို့မ ရဲစခန်းက ယာဉ်မောင်းနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ- ၂၇၉/၃၃၇/၃၃၈/ ၃၀၄-က နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ သတင်း-ယူမင်းစိုး၊ ဓာတ်ပုံ-TARVELLER
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024