မန်စီးတီးဂိုးသမား ဂျိုးဟတ် ဝက်စ်ဟမ်းသို့ပြောင်းရွှေ့ရန် နီးစပ်

596
မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်ဟာ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဂျိုးဟတ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး အဆင်ပြေဖွယ် ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဘင်ဖီကာဂိုးသမား အီဒါဆန်ကို ခေါ်ယူထားပြီး ပွဲထွက်ဂိုးသမား ဘရာဗိုလည်း ရှိနေတဲ့အတွက် ဂျိုးဟတ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
အသက် ၃၀ ရှိ အင်္ဂလန်လက်ရွေးစင် ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကို နည်းပြ ဂွာဒီယိုလာ ရောက်ရှိလာပြီးနောက် အီတလီကလပ် တိုရီနိုအသင်းဆီ အငှားသွားရောက် ကစားခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းဆီ ပြန်လည်ရောက်ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။