A d v e r t i s e m e n t With Us

မြိတ်မြို့၌ မူးယစ်ဆေးဝါးများ လိုက်လံ ရောင်းချနေသူ ၂ ဦး ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက် အေးရိပ်ချောင်လမ်းပေါ်မှာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားတွေ လိုက်လံရောင်းချနေသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင်၊ မှုခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးက ပြောပါတယ်။ မြိတ်ခရိုင်၊ မှုခင်းအကူအဖွဲ့နဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ အဖွဲ့ဝင်တို့ဟာ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က သတင်းအရ သွားရောက်စောင့်ဆိုင်းနေချိန် ဂေါက်ကွင်း လမ်းဆုံမှ မြိတ်တက္ကသိုလ်လမ်းဆုံဘက်ကို မျိုးမင်းဆန်းဦး (ခ) ငမျိုး မောင်းနှင်ပြီး ဇနီးဖြစ်သူ မမိုးမိုးလွင်(ခ) မမီးပုတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရှာဖွေရာ အခုလို ဖမ်းဆီးရမိခဲ့တာလို့ မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေးက ပြောပါတယ်။ အဲဒီလင်မယားနှစ်ဦးမှာ ရှာဖွေရာ မမိုးမိုးလွင် (ခ) မမီးပု ဝတ်ဆင်ထားတဲ့ ရေစိုအင်္ကျီလက်တို အိတ်ကပ်အတွင်းက WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၁၃ ပြား၊ အစိမ်းရောင် ၃ ပြား၊ မျိုးမင်းဆန်းဦး (ခ) ငမျိုး၏ အင်္ကျီလက်တို အိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ ၅ သိန်း၊ OPPO အမျိုးအစား အမည်းရောင် ဖုန်းတလုံးနဲ့ သူတို့ စီးနင်းလာတဲ့ နံပါတ်မပါ Click I အမျိုးအစား အနီရောင် ဆိုင်ကယ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မြိတ်မြို့မရဲစခန်းက မမိုးမိုးလွင်နဲ့ မျိုးမင်းဆန်းဦးတို့ ၂ ဦးကို မူးစိတ်ပုဒ်မ ၁၅/၁၉(ဃ)/ ၂၀(က)/ ၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)

A d v e r t i s e m e n t With Us

More News
Up