Home
မြန်မာသတင်း
သံတွဲစည်ပင် မီး​ဘေး​သင့်​ ​ဈေး​သည်များ​ကို ဖယ်ရှား
နော်နိုရင်း
·
February 27, 2012
ဒီလအ​စောပိုင်း​က သံတွဲမြို့​ ဒွါရာဝတီ​ဈေး​မီး​လောင်မှုမှာ ဆိုင်ခန်း​ဆုံး​ပါး​ခဲ့​လို့​ တဲထိုး​ရောင်း​ချ​နေတဲ့​ ​ဈေး​သည်​တွေကို စည်ပင်သာယာက ဖယ်ခိုင်း​လို့​ အခက်အခဲကြုံ​နေကြပါတယ်။ ဒီ​နေ့​ ဒု-သမ္မတ သီဟသူရ တင်​အောင်မြင့်​ဦး​ လာ​ရောက်တဲ့​အတွက် လူကြီး​လမ်း​ကြောင်း​ ရှိလို့​ဆိုပြီး​ ​ဈေး​သည်​တွေရဲ့​ ယာယီတဲကို မ​နေ့​ညက ဖျက်တာလို့​ သံတွဲမြို့​ခံက ​ပြောပါတယ်။ “ဒု-သမ္မတ သီဟသူရတင်​အောင်မြင့်​ဦး​လာမယ်ဆိုပြီး​ စည်ပင်က သံတွဲ ဒွါရာဝတီ တံတား​ဦး​မှာ ရှိတဲ့​ ပျံကျ ယာယီ​ဈေး​မှာ ​ဈေး​သည်​တွေက ကိုယ့်​အစီအစဉ်နဲ့​ကိုယ် ရုံ​လေး​တွေထိုး​ပြီး​တော့​ တာ​ပေါ်လင်အမိုး​လေး​တွေနဲ့​ လုပ်ထား​တာကို မ​နေ့​ညက လူကြီး​ခရီး​စဉ် ရှိတယ်ဆိုပြီး​တော့​ ​ဈေး​သူ​ဈေး​သား​တွေကို ​ပြောကြား​ခြင်း​ မရှိဘဲနဲ့​ အား​လုံး​ကို ဖျက်ပြီး​တော့​ သစ်​တွေ၊​ဝါး​တွေ ပုံထား​တယ်။ ​ဈေး​သူ​ဈေး​သား​တွေမှာ အခက်အခဲ​တွေနဲ့​ ရင်ဆိုင်​နေရပါတယ်။ တချို့​က အိမ်ဆိုင်​တွေ ဖွင့်​ထား​တာဆို​တော့​ ပြသာနာမရှိပါဘူး​။ ကျ​နော်တို့​ပြောချင်တာက​တော့​ ပြည်သူလူထု​တွေရဲ့​ အခက်အခဲ​တွေကို လျစ်လျူရှုပြီး​တော့​ ပြည်သူလူထုအတွက် ဘာမှမစဉ်း​စား​ဘဲနဲ့​ ဒီလိုလုပ်တာဟာ အ​တော်​လေး​ မြင်မ​ကောင်း​ပါဘူး​။” ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​က မီး​ဘေး​သင့်​ဈေး​သည်​တွေကို လာ​ရောက်ကြည့်​ရှုဖို့​ဆို​ပေမယ့်​ အခုလို တဲဖျက်ပြီး​ ဖယ်ခိုင်း​တာ​ကြောင့်​ ဒီလုပ်ရပ်ဟာ ​ဈေး​သည်​တွေအ​နေနဲ့​ ဒုသမ္မတနဲ့​ ​တွေ့​ခွင့်​ ပိတ်ပင်ခံရတာဖြစ်သလို ​ဈေး​သည်​တွေရဲ့​ အခက်အခဲကိုလည်း​ တင်ပြနိုင်ခွင့်​မရ​တော့​တဲ့​ အ​ခြေအ​နေ ဖြစ်တယ်လို့​ ဆိုပါတယ်။ ပြီး​ခဲ့​တဲ့​ ၁၁ ရက်​နေ့​က မီး​လောင်ကျွမ်း​မှုမှာ ဆိုင်ခန်း​ပေါင်း​ ၇၄၀ ​လောက် ​လောင်ကျွမ်း​သွား​ခဲ့​ပါတယ်။ မီး​ဘေး​သင့်​ ​ဈေး​သည်​တွေကို ​ဘောလုံး​ကွင်း​ဟောင်း​မှာ ယာယီ​ဈေး​ ​ဆောက်​ပေး​ဖို့​ဆိုပြီး​ သက်ဆိုင်ရာက ဆိုင်ခန်း​တခန်း​ကို တသိန်း​ ​တောင်း​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ယာယီ​ဈေး​ဆိုင်ခန်း​တွေ မပြီး​သေး​တဲ့​အတွက် ​ဈေး​သည်​တွေဟာ ကိုယ့်​အစီအစဉ်နဲ့​ကို လွတ်တဲ့​နေရာမှာ တဲထိုး​ပြီး​ ​ဈေး​ရောင်း​နေကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024