Home
မြန်မာသတင်း
မူးယစ်အချုပ်သားက ခိုးမှုအချုပ်သားစအိုအား တုတ်နှင့်ထိုးသဖြင့် ဆေးရုံတက် ဗိုက်ခွဲရ
DVB
·
July 12, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်း အချုပ်ခန်း ၂ မှာ ဇူလိုင် ၆ ရက်နေ့က ခိုးမှုအချုပ်သား ဝင်းအောင်ဦးကို မူးယစ် ၃ မှုနဲ့ အချုပ်သား ပိုးကောင်ခေါ်နော်ဆန်းက စအိုကိုဒုတ်နဲ့ထိုးတဲ့ အတွက် ဆေးရုံတက်ပြီး ခွဲစိတ်ကုသခဲ့ရမှုအပေါ် လူနာရဲ့ဇနီးက ဇူလိုင် ၁၁ ရက်မနက် ၁၁ နာရီခွဲ မှာ တရားလိုပြုတိုင်တန်းခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ဖြစ်ပွားပုံမှာ အချုပ်သားဝင်းအောင်ဦးဟာ ဇူလိုင် ၆ ရက် နေ့မှာ ဗိုက်အောင့်ရောဂါနဲ့ ဆေးရုံတက်နေရကြောင်း သိရလို့ ဖခင်ဖြစ်သူ ဦးစိန်အောင် ဆေးရုံကိုလိုက်သွားပြီး မေမြန်းရာ သူတို့အခန်းထဲက အဝဆုံး အသားညို၊ ခန္ဓာကြံ့ခိုင်သူတဦးက နေ့ခင်း ၎င်းအိမ်သာတက်နေစဉ် စအိုကို တုတ်နဲ့ထိုးတယ်လို့ ပြောပြခဲ့တဲ့အတွက် တုတ်နှင့်ထိုးသူကို အရေးယူပေးဖို့ မိုးညှင်းရဲစခန်းကို တိုင်ကြားခဲ့တာပါ။ လူနာဖခင် ဦးစိန်အောင်က “အသက်ကို စိုးရိမ်ရတဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် ဆေးဖိုးဝါးခ လိုအပ်နေပြီး ဒါဟာဆုံးမတာ မဟုတ်ဘူး။ အနိုင်ကျင့်တာဖြစ်တယ်။ ဗိုက်ခွဲပြီး ဆီး ဝမ်းတွေကို ဘေးမှာဗိုက်ကိုဖောက်ပြီး ပိုက်နဲ့ထုတ်နေရတာ နောက်တခါဖြစ်ရင်သေနိုင်တယ်” လို့ ပြောပါ တယ်။ မူးယစ်ဆေးနဲ့ အချုပ်ထဲရောက်နေတဲ့ ဒုတ်နဲ့ထိုးသူ နော်ဆန်းကိုစစ်မေးရာမှာ တုတ်နဲ့မထိုးကြောင်း ခြေမနဲ့သာ ထိုးခဲ့တယ်လို့ ဖြေခဲ့ကြောင်း စစ်ဆေးမေးမြန်းသူ ဒုတိယစခန်းမှူးက ပြောပါတယ်။ မိုးညှင်းရဲစခန်းက နော်ဆန်းကို ရာဇသတ်ကြီးပုဒ်မ-၃၂၅ နဲ့ အရေးယူ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024