A d v e r t i s e m e n t With Us

မြောက်ကိုရီးယားခေါင်းဆောင်က ဒုံးကျည်ပညာရှင်များကို နိုင်ငံတော်ညစာစားပွဲဖြင့် ဂုဏ်ပြု

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားရဲ့ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့အပြီး ဒုံးကျည်ပညာရှင်တွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံတော်ညစာစားပွဲနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒုံးကျည်ပညာရှင်တွေကို ဇူလိုင် ၁၀ ရက်နေ့ကလည်း ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနဖြစ်တဲ့ ကေအာတီမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့က အောင်အောင်ြမင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်-၁၄ ဒုံးကျည်ဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အမျိုးအစားဖြစ်ပြီး နျူကလီးယားထိပ်ဖူး စတာတွေကို တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ အခုစမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်ဟာ အမေရိကန် အလက်စကာပြည်နယ်ထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up