A d v e r t i s e m e n t With Us

ဆန်းချက်ဇ်ကို အသင်းမှ ထွက်ခွင့်ပေးမည်မဟုတ်ဟု အာစင်ဝင်းဂါး ပြော

စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဆန်းချက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းက ပေါင်သန်း ၅၀ လောက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ အာဆင်နယ်အသင်းဟာ လက်ရှိ သြစတြေးလျနိုင်ငံမှာ သွားရောက်လေ့ကျင့်နေပြီး ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့တာပါ။ ကစားသမားတွေအနေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ် လေးစားဖို့လိုပြီး ဒီလို လေးစားမှုမျိုး လိုအပ်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူထားပေမယ့် အသင်းမှာရှိတဲ့ တိုက်စစ်မှူး ဂျရူးကိုလည်း ရောင်းချသွားမှာ မဟုတ်ဘူးလို့ နည်းပြ ဝင်းဂါးက ဆိုပါတယ်။ ဒါ့အပြင် မိုနာကိုအသင်းရဲ့ ပြင်သစ်လူငယ်ကစားသမား သောမက်စ်လီမာဟာ မိမိတို့လိုချင်တဲ့ ကစားသမားဖြစ်ပေမယ့် ခေါ်ယူဖို့ မရှိသေးဘူးလို့လည်း အာစင်ဝင်းဂါးက ဝန်ခံပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up