Home
မြန်မာသတင်း
စစ်တွေရောက်ရှိလာသည့် လူ့အခွင့်အရေးကိုယ်စားလှယ်မစ္စယန်ဟီးလီကို ကန့်ကွက်ဆန္ဒပြ
DVB
·
July 12, 2017
  စစ်တွေကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီကို စစ်တွေလေဆိပ်အဝင်လမ်းမှာ လူ ၁၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေက ယန်ဟီးလီဟာ လူ့အခွင့်အရေး ခေါင်းစဉ်အောက်ကနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေပြီး အကြမ်းဖက်သူတွေကို အားပေးနေတယ်၊ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ တောင်းဆိုမှုတွေ လုပ်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်တယ်လို့ ပြောကြပါတယ်။ ဆန္ဒပြသူတွေက ယန်ဟီးလီထွက်သွားဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်အော် ဆန္ဒပြခဲ့တာပါ။ အလားတူ ဘူးသီးတောင်မြို့မှာလည်း မစ္စယန်ဟီးလီကို ဒေသခံတွေက ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုအောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024