အာဆီယံ ယူ ၁၅ ပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင်

758
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံယူ ၁၅ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်မှာ မြန်မာလူငယ်အသင်းက လာအိုအသင်းကို ၂ ဂို ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။
မြန်မာယူ ၁၅ အသင်းဟာ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ ရန်နိုင်လင်းနဲ့ လမင်းထွေးတို့က အနိုင်ဂိုးတွေသွင်းယူခဲ့ တာပါ။
မြန်မာယူ ၁၅ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တိုင်းက အင်ဒိုနီးရှားအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့ ပါတယ်။
အုပ်စုပွဲစဉ် ၂ ပွဲစီကစားအပြီးမှာ ထိုင်းအသင်းက ၂ ပွဲကစား၂ ပွဲနိုင်ရမှတ် ၆ မှတ်နဲ့ အုပ်စု(A) ကို ဦးဆောင်နေပါတယ်။
မြန်မာလူငယ်အသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၄ မှတ်နဲ့ အုပ်စုဒုတိယ နေရာမှာရပ်တည်နေပြီး သြစတြေးလျ၊ လာအို၊ အင်ဒိုနီးရှား နဲ့စင်ကာပူတို့ အစဉ်လိုက်ရပ်တည်နေပါ တယ်။
မြန်မာယူ ၁၅ အသင်းဟာ လာမယ့်ဇူလိုင် ၁၃ ရက်မှာ စင်ကာပူအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၅ ရက်မှာ သြစတြေးလျ၊ ဇူလိုင် ၁၇ ရက်မှာ ထိုင်းအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။