Live
Home
မြန်မာသတင်း
နေပြည်​တော် အန်အယ်လ်ဒီဆိုင်း​ဘုတ် ဖျက်ဆီး​ခံရ
DVB
·
February 26, 2012
နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ်မှာ တင်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် NLD ပါတီရဲ့​ ဆိုင်း​ဘုတ် အဖျက်ဆီး​ခံခဲ့​ရတယ်လို့​ အယ်အယ်လ်ဒီပါတီက​ ပြောပါတယ်။ ​သောကြာ​နေ့​ ညသန်း​ခေါင်​ကျော်နဲ့​ စ​နေ​နေ့​မနက် အာရုံတက်ချိန်အတွင်း​မှာ ​နေပြည်​တော် ဆိတ်နံတုံး​ ​ကျေး​ရွာမှာ တင်ထား​တဲ့​ ပါတီဆိုင်း​ဘုတ်ကို ဓား​နဲ့​ခွဲခံခဲ့​ရတာ ဖြစ်တယ်လို့​ ဇမ္မူသီရိမြို့​နယ်က​နေ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ NLD ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်စန္ဒာမင်း​က ဒီဗွီဘီကို ​ပြောပါတယ်။ “ဆိုင်း​ဘုတ်တင်ပြီး​ ၂ ရက်​လောက်အကြာမှာ ရွာကို သမ္မတကြီး​ ဦး​သိန်း​စိန် လာစရာ ရှိတယ်ဆို​တော့​ ​သောကြာ​နေ့​ ည ၁ နာရီ​လောက်ထိ ကျမတို့​ ဆိုင်း​ဘုတ်​အောက်မှာ ​စောင့်​နေကြ​သေး​တယ်။ သမ္မတကြီး​ လမ်း​ကြောင်း​ ရှိတယ်ဆို​တော့​ အား​လုံး​ဘာမှ ပြဿနာ​တွေဘာ​တွေ မရှိ​အောင် ​စောင့်​နေ​သေး​တယ်။ တနာရီထိုး​တော့​ က​လေး​တွေက အိပ်လိုက်ကြပြီ မနက် ၄ နာရီ ထိုး​တော့​ ထကြည့်​လိုက်​တော့​ ဆိုင်း​ဘုတ်ခွဲခံ ထိထား​တယ်။” NLD ဆိုင်း​ဘုတ်ဟာ အမြင့်​ ၁၂ ​ပေ လူတရပ်​ကျော်မြင့်​ပြီး​ ​သေ​သေချာချာ ရည်ရွယ်ချက်ရှိရှိ ဥပ​ဒေမဲ့​ ဖျက်ဆီး​သွား​တာလို့​လည်း​ အန်အယ်လ်ဒီက ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့​ ခုလိုလုပ်​ဆောင်တာလဲ ဆိုတာ​တော့​ မသိရှိ​သေး​တဲ့​အ​ကြောင်း​နဲ့​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ နယ်​မြေခံရဲကို တိုင်ကြား​ထား​တယ်လို့​ ဆိုပါတယ်။ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို တိုင်ကြား​ဖို့​လည်း​ စီစဉ်​နေတယ်လို့​ သိရပါတယ်။ အရင်ကလည်း​ ​နေပြည်​တော်ရပ်​ကျေး​တခုမှာ ဖွင့်​လှစ်ထား​တဲ့​ NLD ပါတီရုံး​က ဆိုင်း​ဘုတ် ဖျက်ဆီး​ခံရတဲ့​ အလား​တူ ဖြစ်ရပ်မျိုး​ ရှိခဲ့​ဖူး​ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024