A d v e r t i s e m e n t With Us

ဆူးတောင်ပါ ဝေလငါးကို အသားစားဝေလငါးတအုပ်က ကြောက်မက်ဖွယ် အုပ်စုဖွဲ့တိုက်ခိုက် (ရုပ်သံ)

တိရစ္ဆာန်တွေရဲ့ကမ္ဘာမှာ အင်အားကြီးသူသာ အနိုင်ရစမြဲဖြစ်တယ်ဆိုတာကို ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေပါပဲ။ မိတ်ဆွေဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် အုပ်စုဖွဲ့ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုရင်ဆိုင်ကြသလဲ ဆိုတာကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံ၊ ကမ်ချက်တ်ကာကျွန်းဆွယ် တနေရာမှာ ဖြစ်ခဲ့ပြီး ဒရုန်းယာဉ်နဲ့ မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာပါ။ အော်ကာအသားစား ဝေလငါးအုပ်စုဟာ ရေထဲမှာ သားကောင်ဖြစ်တဲ့ ဆူးတောင်ပါ မင်ကီဝေလငါးတကောင်ရဲ့ နောက်ကို လိုက်နေခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီနောက်တော့ သူ့ကိုဝိုင်းပြီး တကောင်ပြီးတကောင် ကိုက်ခဲနေခဲ့ကြချိန်မှာတော့ မင်ကီဝေလငါးဟာ ဘာမှမတုံ့ပြန်နိုင်ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ အော်ကာ အသားစားဝေလငါးတွေဟာ ငါးတွေအပါအဝင် တခြားသော ရေသတ္တဝါတွေကို တိုက်ခိုက်စားသောက်နိုင်စွမ်းရှိတဲ့ သတ္တဝါတွေလို့ မှတ်တမ်းတင်ထားခံရတာပါ။ ဒါပေမယ့် ခုလို မင်ကီဝေလငါးတကောင်ကို နီးနီးကပ်ကပ်တိုက်ခိုက်တဲ့ မြင်ကွင်းမျိုးကတော့ ရှားတောင့်ရှားပါးဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up