Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဓာတ်ဆီပုံးပေါက်ကွဲ မီးလောင်
DVB
·
July 11, 2017
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ကုန်းဖောက်အဝေးပြေးဝင်း လမ်းမကြီးပေါ်မှာ ဇူလိုင် ၁၀ ရက် မနက်က  ဆိုင်ကယ်တစ်စီးနဲ့ ဘေးတွဲဆိုင်ကယ်တို့   မျက်နှာချင်းဆိုင်တိုက်မိပြီး ဘေးတွဲဆိုင်ကယ်မီးလောင်ကျွမ်းခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်ကျော်ဆန်းဦးက “ဆိုင်ကယ်ရော ဘေးတွဲပါ အရှိန်ပြင်းပြင်းနဲ့ မဆင်မခြင် မောင်းတာပါ။ စစ်ဆေးချက်အရ ဘေးတွဲပေါ်မှာ ဓာတ်ဆီပုံးတပုံး တင်ထားတယ်။ တိုက်တဲ့ အချိန်မှာ ဓာတ်ဆီပုံး ပေါက်ကွဲပြီး မီးထလောင်တယ်” လို့ ပြောပါတယ်။ အရှေ့သိမ်လမ်းဆုံဘက်မှ ကားကြီးဝင်းအသစ်ဘက်ကို မောင်ကြီးဆိုသူ မောင်းနှင်ပြီး နောက်မှာ သက်ပိုင်ဦးနဲ့ ရဲအောင်တို့ လိုက်ပါလာတဲ့ click i125 အမျိုးအစား ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်မှ အောင်မြင့်ဇော်မောင်းနှင်လာတဲ့ ဘေးတွဲဆိုင်ကယ်တို့ အရှိန်ပြင်း မောင်းနှင်လာတာကြောင့် လမ်းမအလယ်မှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် အောင်ကြီး ဆိုင်ကယ်နဲ့ အောင်မြင့်ဇော် မောင်းနှင်တဲ့ ဘေးတွဲဆိုင်ကယ် မီးလောင်ကျွမ်းပြီး မောင်ကြီးမှာ လက်မောင်းနဲ့ ခြေထောက်မှာ အရေပြား မီးလောင်ဒဏ်ရာ ရရှိပြီး ရဲအောင်မှာ ပွန်းပဲ့ဒဏ်ရာ၊ သက်ပိုင်ဦးနဲ့ အောင်မြင့်ဇော်တို့မှာ ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မဆင်မခြင် မောင်းနှင်တာကြောင့် ဆိုင်ကယ်တွေ မီးလောင်ပြီး နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်သူ မောင်ကြီးနဲ့ အောင်မြင့်ဇော်တို့ကို မြိတ်မြို့မရဲစခန်းမှ ယာဉ် (ပ)၅၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - မြတ်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024