မြန်မာယူ-၂၂ နှင့် မလေးရှားယူ-၂၂ ဘောလုံးအသင်း ခြေစမ်းပွဲ ကစားမည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
713
၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲနဲ့ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းဟာ မလေးရှား ယူ-၂၂ အသင်းနဲ့ ဇူလိုင် ၁၃ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။
အာရှ ယူ-၂၃ ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး အဲဒီခြေစစ်ပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လာမယ့် ဇူလိုင် ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ လက်ခံကျင်းပသွားမှာပါ။
၂၀၁၇ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုခွဲဝေမှုမှာတော့ မြန်မာအသင်းဟာ အိမ်ရှင် မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
မြန်မာ ယူ-၂၂ အသင်းဟာ ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘောဇဘဏ်ဖလား ၄ နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဒုတိယ ရရှိခဲ့ပါတယ်။
မလေးရှားနဲ့ ခြေစမ်းပွဲကစားမယ့် မြန်မာယူ-၂၂ အသင်းဟာ ဒီနေ့ မနက် ၁၁ နာရီခွဲမှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။