မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင် ဖမ်းဆီးခဲ့သည့် ၅ ဦးကို ရုံးထုတ်စစ်ဆေး
DVB
·
July 10, 2017
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဇူလိုင် ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားလို ရဲမှူးခင်မောင်ဦးကို နှစ်ဖက်ရှေ့နေတွေက စစ်ဆေးခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ခိုးဝင်ဘင်္ဂါလီတွေ ရှိတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရပ်ကွက်နေသူတချို့နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဓိက ပါဝင်ပတ်သက်ခဲ့တဲ့ သံဃာတော် ၂ ပါးနဲ့ လူ ၅ ဦးကို မင်္ဂလာတောင်ညွန်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ကာ ရဲအရေးမပိုင်မှု အမှတ်စဉ် ၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ဂ)/၃၄ နဲ့အရေးယူပေးဖို့ မြို့နယ်တရားရုံးကို ဦးတိုက်တိုင်တန်းခဲ့တာပါ။
မင်္ဂတောင်ညွှန့်ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ဦးသုစိတ္တနဲ့ ဦးပညာဝံသ ရဟန်း ၂ ပါးကို ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။