Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ အုပ်ချုပ်စီမံမှု ညံ့ဖျင်း
ထွန်းထွန်းသိန်း
·
July 10, 2017
  မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍတွေဟာ အလားအလာ ကောင်းတွေရှိပေမယ့် ကြီးကြပ်စီမံခန့်ခွဲနိုင်မှု အလွန်အားနည်းညံ့ဖျင်းနေတယ်လို့ Natural Resource Government Institute (NRGI)က ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၁၇ သယံဇာတစီမံခန့်ခွဲမှု အညွှန်းကိန်းဟာ နိုင်ငံတွေရဲ့ သဘာဝသယံဇာတတွေကို အကဲဖြတ်တဲ့ ကမ္ဘာလုံးဆိုင်ရာအညွှန်းကိန်းဖြစ်ပြီး အဲဒီအညွှန်းကိန်းအရ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ အုပ်ချုပ်နိုင်မှုဟာ ညံ့ဖျင်းတဲ့အဆင့်မှာပဲ ရှိပါတယ်။ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လိုင်စင်ချထားပေးမှု စနစ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအနိမ့်ဆုံးဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်းဟာ နိုင်ငံတွင်း ပဋိပက္ခတွေနဲ့ တစိတ်တပိုင်း ပတ်သက်နေပြီး ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ဆိုပါတယ်။ ၂၀၁၇ သယံဇာတစီမံခန့်ခွဲမှုအညွှန်းကိန်းကို နိုင်ငံပေါင်း ၈၁ နိုင်ငံက ကဏ္ဍ ၈၉ ခုအပေါ်မှာ အခြေခံထားပြီး သုတေသနပညာရှင် ၁၅၀ က စာတမ်းပေါင်းတစ်သောင်းခန့်ကို ကိုးကားပြီး မေးခွန်း ၁၃၃ ပါဝင်တဲ့မူဘောင်ကို အသုံးပြုထားတာပါ။ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍဟာလည်း စိန်ခေါ်မူတွေရှိနေဆဲဖြစ်ပြီး စီမံခန့်ခွဲမှု အညွှန်းကိန်းအမှတ် ၁၀၀ မှာ ၃၅ မှတ်ပဲ ရရှိထားတဲ့အတွက် ပိုမိုကောင်းမွန်ဖို့လိုအပ်တယ်လို့ NRGI က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024