A d v e r t i s e m e n t With Us

ရာသီကြိုခရီးစဉ် သြစတြေးလျနှင့် တရုတ်တွင် လေ့ကျင့်ခြေစမ်းရန် အာဆင်နယ် ထွက်ခွာ

အာဆင်နယ်အသင်းဟာ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်အဖြစ်  သြစတြေးလျနဲ့ တရုတ်နိုင်ငံတွေမှာ လေ့ကျင့်ဖို့ ထွက်ခွာလာပါတယ်။ အာဆင်နယ်အသင်းမှာ ကစားသမား ၂၅ ဦး ပါဝင်ပြီး အသင်းက ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ ဆန်းချက်ဇ်ကတော့ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရတဲ့အတွက် လိုက်ပါလာခြင်း မရှိပါဘူး။ အာဆင်နယ်အသင်း လူစာရင်းမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၃ သန်းနဲ့ ဝယ်ယူထားတဲ့ တိုက်စစ်မှူး လာကာဇက်တီနဲ့အတူ အသင်းပြောင်းမယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဂျရူးလည်း ပါဝင်လာပါတယ်။ ဒါပေမယ့် နောက်ခံလူ ကီရန်ဂစ်ဘ်၊ ဒီဘူချီ၊ ဂျန်ကင်ဆန်၊ လူးကပ်စ်ပီရက်ဇ်နဲ့ ဂိုးသမား ရှက်ဇနီတို့ ပါဝင်ခြင်းမရှိတာကြောင့် အသင်းကနေ ရောင်းထုတ်ဖို့ သေချာသလောက် ဖြစ်သွားပါတယ်။ တခြားနောက်ခံလူသုံးဦးဖြစ်တဲ့ ဘယ်လာရင်၊ ဟိုးလ်ဒင်း၊ ချန်ဘာစ်တို့ကတော့ ဥရောပ ယူ-၂၁ ပြိုင်ပွဲ ကစားခဲ့ရလို့ လိုက်ပါလာခြင်းမရှိတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇူလိုင် ၁၃ ရက်မှာ သြစတြေးလျကလပ် ဆစ်ဒနီ၊ ၁၅ ရက်မှာ ဝက်စ်တန်းဆစ်ဒနီဝမ်ဒါးရားစ်နဲ့ သြစတြေးလျနိုင်ငံမှာ ခြေစမ်းမှာပါ။ ဒါ့အပြင် ဇူလိုင် ၁၉ ရက်နဲ့ ၂၂ ရက်တွေမှာတော့ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးအသင်းတို့နဲ့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up