A d v e r t i s e m e n t With Us

ရိုးမားနောက်ခံလူ အန်တိုနီယို ရက်ဒီကာကို ချဲလ်ဆီး ခေါ်

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းဟာ ရိုးမား နောက်တန်းကစားသမား အန်တိုနီယို ရက်ဒီကာကို ခေါ်ယူလိုက်ပါတယ်။ ချဲလ်ဆီးအသင်းက ဂျာမန်နောက်ခံလူ ရက်ဒီကာကို ပေါင် ၂၉ သန်းပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၄ နှစ်အရွယ် ရက်ဒီကာဟာ ပြီးခဲ့တဲ့ ကွန်ဖယ်ဒေးရှင်းဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းကို ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။ ရက်ဒီကာကတော့ အသင်းကြီးတသင်းမှာ ကစားခွင့်ရတာဟာ ကြီးမားတဲ့ အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုခေါ်ယူမှုဟာ ချဲလ်ဆီးအသင်းအတွက်တော့ အခုနွေရာသီ ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ သူဟာ ရိုးမားအသင်းမှာလည်း အဓိက ကစားသမားတဦးဖြစ်ပြီး အသင်းကို အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီထားပါတယ်။ ဂျာမန် နောက်တန်းကစားသမားဟာ ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၂ ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up