မိုနာကိုတိုက်စစ်မှူး အန်ဘာပေးကို မခေါ်ယူနိုင်ပါက ကော်တင်ဟိုကိုခေါ်ယူရန် ပီအက်စ်ဂျီ စီစဉ်

ဓာတ်ပုံ - ရိုက်တာ
597
မိုနာကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး ကိုင်လီယန် အန်ဘာပေးကို အဓိကထား ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အန်ဘာပေးကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါက လီဗာပူးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဖီလစ်ပီ ကော်တင်ဟိုကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လီဗာပူးအသင်းအနေနဲ့လည်း ကော်တင်ဟိုကို ပေါင်သန်း ၈၀ နီးပါးရရှိပါကာ ရောင်းချသွားဖို့ ရှိနေတယ်လို့လည်း သိရပြီးတော့ နောက်ထပ်ကစားသမားသစ်နဲ့ အစားထိုးဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအသင်းနဲ့ အတူ ၅ နှစ်စာ ချုပ်သစ် ချုပ်ဆို ထားခဲ့ပါတယ်။
မိုနာကိုတိုက်စစ်မှူး အန်ဘာပေးကို ဥရောပ ထိပ်သီးကလပ်အသင်းကြီးတွေက ခေါ်ယူလိုနေတာဖြစ်ပြီးပေမယ့်လည်း အသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ဆိုထားခဲ့တဲ့အတွက် ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အခက်အခဲရှိနေခဲ့တာပါ။
လီဗာပူးအသင်းဟာ မကြာသေးတဲ့အချိန်က ရိုးမားအသင်းက အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလက်ခ်ျကို ခေါ်ယူထားခဲ့ပါတယ်။