Home
မြန်မာသတင်း
အာဇာနည်နေ့ လမ်းကြောင်း ပိတ်ဆို့ထားမှုနှင့် လုံခြုံရေးတားမြစ်ချက်များ ထုတ်ပြန်
DVB
·
July 10, 2017
နှစ် ၇ဝ ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပစဉ် လမ်းကြောင်း ပိတ်ဆို့ထားမှု၊ အာဇာနည် ဗိမာန်သို့ ဝင်ရောက်ရမယ့်လမ်းကြောင်းနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် ပစ္စည်းယူဆောင်ခွင့် မပြုကြောင်း အသိပေးကြေညာချက်ကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံ ဖတ်ရှုရန်.... ၁။ နှစ်(၇ဝ)ပြည့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန် ၌ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ဝ၈ဝဝ အချိန်၌ စတင်ကျင်းပမည်ဖြစ်ရာ ဇူလိုင်လ ၁၈ ရက်နေ့ ၁၈ဝဝ အချိန်မှ ဇူလိုင်လ ၁၉ ရက်နေ့ ၁၈ဝဝ အချိန်ထိ အောက်ဖော်ပြပါလမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ဆို့ထား မည်ဖြစ်ပါသည်- (က) ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင် လမ်းအတိုင်း လင့်လမ်းနှင့် ဆုံရာအထိ။ (ခ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့မုခ်စောင်းတန်းအထိ။ (ဂ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေးလမ်းကြားများ။ ၂။ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံတောင်ဘက်မုခ်မှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်မှတစ်ဆင့် ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန် ဝင်ပေါက်ဂိတ်(၂)မှ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ်(၃)မှ ပြန်လည် ထွက်ခွာရမည်ဖြစ်ပါသည်။ ၃။ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လည်၁၂ဝဝ အချိန်မှ ၁၇ဝဝ အချိန်ထိ အာဇာနည် ဗိမာန်သို့ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ရာ လာရောက်ကြမည့် ပြည်သူများသည် အနောက်ရွှေဂုံတိုင်လမ်းမှတစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်(၁)မှ ဝင်ရောက်၍ ဂိတ်(၂)မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်း သို့ ထွက်ခွာရမည်ဖြစ်ပါသည်။ ၄။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက်ဂါရဝပြုကြမည့်သူ များသည် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း၊ ဘူး အမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်၊ ကော်ပိုက်နှင့် ကြိုတင်စစ်ဆေးခံယူမှု မရှိသော လုံခြုံရေးကိုထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့်မပြုကြောင်း ကြိုတင်အသိပေးကြေညာ အပ်ပါသည်။ ၅။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်/ထွက်ရာလမ်းကြောင်းနှင့် ဂိတ်များ၌ လုံခြုံရေးအရရှာဖွေစစ်ဆေးမှုများကို ပူးပေါင်းကူညီသောအားဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံပေးကြပါရန်နှင့် သတ်မှတ်လမ်းကြောင်းမှသာ စည်းကမ်း တကျဝင်ရောက် ထွက်ခွာကြပါရန် မေတ္တာရပ်ခံပါသည်။ Photo - MOI Webportal Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024