ခြေထောက် ၂ ဘက်လုံး ဆုံးရှုံးခဲ့ရပေမယ့် အံ့ဖွယ်စွမ်းရည်ပြနိုင်သည့် ပြိုင်ကားမောင်းသမား (ရုပ်သံ)
Published By
DVB | 10 July, 2017
430
0
Share
0
Comment
0
Likes
အသက် ၁၈ နှစ်အရွယ် ပြိုင်ကားမောင်းသမား ဘီလီမွန်ဂျာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မတော်တဆမှုတခုကြောင့် ခြေထောက် ၂ ဘက်လုံး ဆုံးရှုံးခဲ့ရပေမယ့် ဘဝကို အရှုံးမပေးခဲ့ပါဘူး။
သူဟာ ဗြိတိန် ဖော်မြူလာ ၄ ကားမောင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ဖင်လန်နိုင်ငံသား ပြိုင်ပွဲဝင် ပက်ထရစ်ပတ်စ်မာရဲ့ ကားနောက်ပိုင်းနဲ့ တိုက်မိပြီး ခုလိုဖြစ်ခဲ့ရတာပါ။
ဆေးရုံကို အချိန်မီပို့ဆောင်ခဲ့ပေမယ့် သူ့ရဲ့ခြေထောက်တွေကို အကောင်းအတိုင်းတော့ ပြန်မရခဲ့တော့ပါဘူး။
ဒါပေမယ့် သီတင်းပတ် ၁၁ ပတ်အကြာမှာတော့ သူဟာ BRIT အမည်ရတဲ့ အဖွဲ့ရဲ့ အကူအညီနဲ့ ကားစတီယာရင်နောက်ကို ပြန်ရောက်လာနိုင်ခဲ့ပါပြီ။
ကလပ်ခ်ျနဲ့ ဘရိတ်တွေ အထူးပြုပြင်ထားတဲ့ ပြိုင်ကားနဲ့အတူ သူဟာ ပြိုင်ပွဲတွေမှာ တကျော့ပြန် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
“ခုလို ပြန်မောင်းလာနိုင်တော့မယ့် အခြေအနေဟာ တကယ့်ကို ကောင်းပါတယ်” လို့ ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ဘီလီက ပြောလိုက်ပါတယ်။
BRIT အဖွဲ့မှ တည်ထောင်သူတဦးဖြစ်တဲ့ ဒေ့ဗ်ပလေယာဟာ စစ်တပ်မှ အငြိမ်းစား အင်ဂျင်နီယာတဦးဖြစ်ပြီး သူတို့အနေနဲ့ ဘီလီ့ကို ပြိုင်ကားမောင်းလိုင်စင် ပြန်လည်ရရှိနိုင်ရေး ကူညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ရည်ရွယ်စိတ်ကူးထားတာကတော့ ဘီလီ့ကို အရင်အတိုင်း နေရာမှန် ပြန်ရောက်စေချင်တယ်။ ဒုတိယတချက်ကတော့ သူ့ရဲ့ ပြိုင်ကားမောင်းလိုင်စင် ပြန်ရဖို့ ဆက်လျှောက်လှမ်းနိုင်ဖို့ ကူညီပေးဖို့ပါပဲ။”
ဘီလီကတော့ လာမယ့်နိုဝင်ဘာမှာ ကျင်းပမယ့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကားမောင်းပြိုင်ပွဲတခုဖြစ်တဲ့ Le Mans 24 Hours ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။