Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ ၆ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်စတင်
DVB
·
July 10, 2017
မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနဲ့အဖွဲ့ဟာ ဇူလိုင် ၉ ရက် ညပိုင်းက   ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ မစ္စယန်ဟီးလီရဲ့  ယခုခရီးစဉ်ဟာ မြန်မာနိုင်ငံကို ဆဋ္ဌမအကြိမ် လာရောက်တာဖြစ်ပြီး ခရီးစဉ်အတွင်း ရှမ်းပြည်နယ် လားရှိုးမြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့တွေကို သွားရောက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မစ္စယန်ဟီးလီနဲ့ အဖွဲ့ဟာ အရပ်ဘက်လူ့မှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း ဒီကနေ့  တွေ့ဆုံဖို့ ရှိနေပါတယ်။ မစ္စယန်ဟီးလီဟာ  မြန်မာနိုင်ငံမှာ ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက်အထိ ၁၂ ရက်ကြာမှာဖြစ်ပြီး  ဒီခရီးစဉ်အပြီး   ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတရပ်ကို ကျင်းပသွားဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့က ပြီးခဲ့တဲ့ မတ်လက ချမှတ်ခဲ့တဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တာဝန်နဲ့ ပတ်သက်ခြင်း မရှိစေဖို့ မြန်မာအစိုးရက သတိပေးထားပါတယ်။ ဓာတ်ပုံ - MOI Webportal Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024