ပဲခူးမြို့တွင် ဘုရားစိန်ဖူးတော် မိုးကြိုးပစ်ခံရပြီး မြေခ (ရုပ်သံ)
DVB
·
July 9, 2017
ပဲခူးမြို့ ရပ်ကွက်ကြီး ၈ မြို့ရှောင်လမ်းဘေးက မုစလိန္ဒာဘုရားကို ဇူလိုင်လ ၈ ရက် (၀ါဆိုလပြည့်နေ့) ညနေ ၅ နာရီ ကျော် အချိန်လောက်က မိုးကြိုးပစ်ခံရတာကြောင့် စိန်ဖူးတော် မြေခသွားပါတယ်။
မိုးကြိုးမပစ်ခင်မှာ လျှပ်စီးလက်သွားပြီး ဂျိမ်းကတည်းဆိုတဲ့ အသံကြားလိုက်တယ်။ ပစ်တာ ဒီနားပဲဆိုပြီး ကျနော်ကြည့်လိုက်တော့ ကျနော့်အိမ်ရှေ့က ဘုရား အပေါ်ပိုင်းမရှိတော့ပါဘူး။ ပျက်ကျသွားတာပဲ” လို့ အဲဒီဘုရားရှေ့မှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဦးမျိုးအောင်က ဒီဗွီဘီ ကို ပြောပါတယ်။
အဲဒီဘုရားကို သံဃနာယက ဆရာတော်တွေနဲ့ သရက်ကုန်းဆရာတော်တို့ကနေ တည်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ တည်ပြီးတာလို့ သိရပါတယ်။
အောင်စိုးမိုး(ပဲခူး)