Home
မြန်မာသတင်း
၅၅ ယာဉ်လိုင်းက တဦးချင်းပိုင်ကားများ ပြေးဆွဲခွင့် ဖျက်သိမ်း
ပိုင်စိုး
·
July 8, 2017
လူအသေအပျောက်များခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ၅၅ ယာဉ်လိုင်းက တဦးချင်းပိုင်ကားတွေ ပြေးဆွဲခွင့်ကို ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်တယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူ ဦးကြည်စိန်က ပြောပါတယ်။ “ဒီနေ့အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ။ ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းတယ်။ တစ်ဦးချင်းပိုင် ပုဂ္ဂလိက ကားတွေ မနက်ဖြန်ကစပြီး မဆွဲရတော့ဘူး။ ကုမ္ပဏီကားတွေတော့ ဆွဲလို့ရသေးတယ်။ ပြီးတော့ ထောက်ကြံ့အထိပဲ ဝင်လို့ရမယ်။ မြို့ထဲကို ဝင်လို့ မရတော့ဘူး” လို့ ယာဉ်လိုင်းတာဝန်ခံ ဦးကြည်စိန်က ဒီဗွီဘီကို ပြောပါတယ်။ ဒါဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ဒီလျော့သွားတဲ့ ကားတွေနေရာမှာ ဘယ်လိုဖြည့်ဆည်းမယ်ဆိုတာတော့ မသိသေးဘူးလို့ လည်း သူက ဆက်ပြောပါတယ်။ ဇူလိုင် ၇ ရက်နေ့က ၅၅ လိုင်းက ကားနဲ့ ၃၇ လိုင်းက ကားတို့တိုက်ခဲ့ပြီး လူ ၁၀ ယောက်သေဆုံး၊ အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့သူတွေအတွက်လည်း ယာဉ်လိုင်းအနေနဲ့ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ ဦးကြည်စိန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024