Live
Home
မြန်မာသတင်း
YBS ၂ စီးတိုက်မှု လူ ၉ ဦး သေဆုံး၊ ယာဉ်မောင်းကို အမှုဖွင့်အရေးယူ
DVB
·
July 8, 2017
လူ ၉ ဦး သေဆုံးခဲ့တဲ့ မနေ့က YBS ဘတ်စကား၂ စီးတိုက်မှုနဲ့ ပတ်သက်ပြီး YBS ၅၅ ယာဉ်မောင်း မောင်မောင်နိုင်ကို ပေါ့လျော့မှုနဲ့ လူသေစေမှု ၃၀၄( က) အပြင် ၃၃၈၊၃၃၇၊၂၇၉ တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း ထောက်ကြံ့ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။ YBS ၅၅ ယာဉ် ၂ စီးပြိုင်မောင်းရာကနေ တဘက်ယာဉ်ကြောမှာ မောင်းနှင်လာတဲ့ ၃၇ ယာဉ်ကို တိုက်မိတာဖြစ်ပြီး၊ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၃ယောက် သေဆုံးသွားပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထောက်ကြံ့ရဲစခန်းက ပြောပါတယ်။ လက်ရှိမှာ ယာဉ်မောင်းမောင်မောင်နိုင်မှာ ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး၊ သတိမရသေးတာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ ရဲတပ်ဖွဲ့က စောင့်ကြပ်ထားကြောင်း အင်းစိန်ယာဉ်မှုစစ်က ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ မြန်မာပြည်ရဲ့ လက်ယာယာဉ်ကြောစနစ်အရ ဘယ်မောင်းကား ဖြစ်သင့်ပေမယ့် အခု စတိုက်တဲ့ယာဉ်မှာ ညာမောင်းကားဖြစ်နေခြင်းမှာလည်း ယာဉ်တိုက်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတခုဖြစ်ကြောင်း အင်းစိန်ယာဉ်မှုစစ်က ပြောပါတယ်။ ၅၅ ယာဉ်လိုင်းဟာ ကိုယ်ရကိုယ်ယူစနစ်နဲ့ လိုင်းဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး၊ အပြိုင်အဆိုင်မောင်းနှင်တာကြောင့် အခုလိုဖြစ်ခဲ့တဲ့အတွက် ဒီစနစ်ကိုလည်း ပယ်ဖျက်တော့မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောပါတယ်။ ဒီယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူတွေကိုတော့ မြောက်ဥက္ကလာဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးမှာ တင်ပို့ကုသထားကြောင်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024