"ဝ" တပ်ဖွဲ့ စိုက်ပျိုးထားသည့် မိုင်းဆက်ခရိုင်အတွင်းမှ Oolong လက်ဖက် စိုက်ခင်း
DVB
·
July 8, 2017
မြန်မာနိုင်ငံမှာ Oolong လက်ဖက်ခြောက်ကို ဝ တပ်ဖွဲ့ကသာ စိုက်ပျိုးပြီး တရုတ်နဲ့ ထိုင်ဝမ် နိုင်ငံကို အဓိက တင်ပို့ရောင်းချတာပါ။
Oolong လက်ဖက်ခြောက်တွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံး လက်ဖက်အမျိုးအစား တွေထဲက တမျိုးဖြစ်ပြီး တရုတ်လူမျိုးတွေ အမြတ်တနိုး တန်ဖိုးထား သောက်သုံးတဲ့ လက်ဖက်ခြောက်ဖြစ်ပါတယ်။
လက်ဖက်ခြောက်ရဲ့ ဈေးနှုန်းကလည်း အကြမ်းအားဖြင့် ၅၀ ဂရမ်ကို ၁၀ ဒေါ်လာကျော်လောက် ပေးရပြီး အမျိုးအစားနဲ့ ထွက်ရှိတဲ့နေရာဒေသ ပေါ်လိုက်ပြီး ဈေးနှုန်းကွာခြားသွာ့းပါတယ်။
ဒီ Oolong လက်ဖက်ကို တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေက အဓိက စိုက်ပျိုးကြတာ ဖြစ်ပေမယ့် ဝ တပ်ဖွဲ့အနေနဲ့ မိုင်းဆတ် ခရိုင်အတွင်းက ကျေးရွာတွေမှာ စက်ရုံတည်ပြီး ကုန်ချောအဆင့်ထိ ထုတ်လုပ် နေတာဖြစ်ပါတယ်။
ဓာတ်ပုံ - စည်သူဇေယျ(DVB)