Home
မြန်မာသတင်း
မင်းပြားတွင် ဝါယာရှော့ဖြစ်၍ နေအိမ်တလုံး မီးလောင်
DVB
·
July 7, 2017
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အလယ်ပိုင်းရပ်ကွက်၊ မင်းကန်အနီးမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မင်းပြားမြို့ မီးသတ်ဌာနက မီးသတ်ဦးစီးဦးကျော်လင်းက “ဒီမနက်ပိုင်းဝန်းကျင်လောက်မှာ လောင်တာပါ။ ထမင်းပေါင်းအိုးကနေ အပူလွန်ကဲ့ပြီး မီးလောင်တာပါ။ နေအိမ်ဝါးထရံကို လောင်သွားတာပေါ့။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၇ သောင်းကျော်ကျော်လောက် ရှိပါတယ်။ ကျနော်တို့ မီးသတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းမီးသတ်ခဲ့လို့ ၁၀ နာရီကျော်လောက်မှာ မီးငြိမ်းသွားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်နေအိမ်မှာ ဦးဝင်းသိန်း နေအိမ်လို့ သိရပြီး လင်ယောက်ျားဖြစ်သူ အလှူကို သွားနေစဉ် ဇနီးမယားဖြစ်သူက ဟော့ပလိတ်ခွင်အသုံးပြုရာမှ မေ့လျော့ခဲ့မှုဖြစ်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုတွေကြောင့် နေအိမ်တလုံး အပါအဝင် နေအိမ်ရှိ ပစ္စည်းတချို့ လောင်ကျွမ်းပျက်စီးခဲ့တာပါ။ မီးလောင်မှုနဲ့ပတ်သတ်လို့ ခင်မိုးသူ (အသက် ၃၂-နှစ်)ကို မင်းပြားမြို့မရဲစခန်းက (ပ)၁၀၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024