Home
မြန်မာသတင်း
မြိတ်မြို့တွင် ၇ ဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
DVB
·
July 7, 2017
ဒီနေ့ကျရောက်တဲ့ ၅၅ နှစ်မြောက် ၇ ဇူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမမှာ ကျင်းပခဲ့ပါတယ်။ ၅၅ နှစ်မြောက် ၇ ဇူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို မြိတ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် မြိတ်နည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ဦးဆောင် ကျင်းပတာ ဖြစ်ပြီး၊ အခမ်းအနားမှာ နိုင်ငံရေးပါတီတွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားဟောင်းတွေနဲ့ ကဗျာဆရာတွေက တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့မှာ ၇ ဇူလိုင်နေ့ အခမ်းအနားကို ပြီးခဲ့တဲ့နှစ်တွေက မြိတ်မြို့ပေါ်ရှိ ပေါ်တော်မူစေတီ ရင်ပြင်တော်ပေါ်နဲ့ တခြားသမိုင်းဝင်နေရာတွေမှာ အကျဉ်းချုံးပြုလုပ်ခဲ့ပြီး၊ အခုနှစ်မှာတော့ အများပြည်သူ အသုံးပြုတဲ့ ပုလဲရတနာခန်းမကြီးမှာ ပထမဆုံး ကျင်းပခွင့်ရခဲ့တယ်လို့ ဦးဆောင် ကျင်းပခဲ့တဲ့ ကျောင်းသားများသမဂ္ဂမှ ကိုရဲကျော်ဖြိုးက ပြောပါတယ်။ “အရင်နှစ်တွေတုန်းကတော့ အခုလိုမျိုး လွတ်လွတ်လပ်လပ် ကျင်းပခွင့် မရခဲ့ပါဘူး၊။ ဒီနှစ်ကတော့ သက်ဆိုင်ရာ ထွေ/အုပ်နဲ့ စည်ပင်သာယာရေးအဖွဲ့တွေက ဒီခန်းမကြီးထဲမှာ ကျင်းပခွင့်ပေးခဲ့လို့ လူကြီးတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။” အခုနှစ် ၇ ဇူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်းနဲ့ ၇ ဇူလိုင်နေ့ အရေးအခင်းမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ လက်ရှိ သက်ရှိထင်ရှားရှိနေတဲ့ ရဲဘော်ဟောင်းတွေရဲ့ အောက်မေ့ဖွယ် အဖြစ်အပျက်တွေကို ပြန်လည်မျှဝေကြားခြင်းနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေက ၇ ဇူလိုင်နေ့ အထိမ်းအမှတ် ကဗျာတွေကို ရွက်ဆိုပေးခဲ့တယ်လို့ မြိတ်နည်းပညာတက္ကသိုလ်မှ မောင်ဖြိုးသီဟက ပြောပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ကျောင်းသားထုအပေါ် ရက်စက်စွာ ချေမှုန်းခဲ့ပြီး   ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်နဲ့ဖောက်ခွဲ ဖြိုဖျက်ခဲ့ပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024