A d v e r t i s e m e n t With Us

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာဘောလုံးအသင်း အဆင့် ၆ ဆင့် မြင့်တက်

ဇူလိုင်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချပ်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အဆင့် ၆ ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁၅၇ နဲ့ အာဆီယံမှာတော့ အဆင့် ၄ မှာ ရပ်တည်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၂၆ နဲ့ အဆင့် ၁၊ ထိုင်းက ကမ္ဘာ့အဆင့် ၁၃၁ နဲ့ အဆင့် ၂၊ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၃ နဲ့ အဆင့် ၃ မှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။ အာဆီယံအဆင့်မှာ မြန်မာအသင်းက အဆင့် ၄၊ မလေးရှားက အဆင့် ၅၊ စင်ကာပူက အဆင့် ၆၊ လာအိုက အဆင့် ၇၊ ကမ္ဘောဒီးယားက အဆင့် ၈၊ အင်ဒိုနီးရှားက အဆင့် ၉၊ ဘရူနိုင်းနဲ့ အရှေ့တီမောတို့က အဆင့် ၁၀ နဲ့ ၁၁ တွေမှာ ရပ်တည်နေပါတယ်။ အာရှအဆင့်မှာ အီရန်အသင်းက ကမ္ဘာ့အဆင့် ၂၃ နဲ့ အာရှအဆင့် ၁ မှာ ရပ်တည်ခဲ့ပြီး သူ့နောက်မှာ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေဗျအသင်းတို့ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မှာတော့ ကွန်ဖက်ဒရေးရှင်းဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမနီက အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပြီး သူ့နောက်မှာ ဘရာဇီး၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ပိုလန်နဲ့ ချီလီတို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။ နာမည်ကြီးအင်္ဂလန်ကတော့ ပြီးခဲ့တဲ့လကအတိုင်း အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up