Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမား ၃ ဦးနှင့်ပတ်သက်၍ သူရဦးရွှေမန်းသဘောထားထုတ်ပြန်
DVB
·
July 7, 2017
မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့  ဒီဗွီဘီနဲ့ ဧရာဝတီ သတင်း ထောက် ၃ ဦးတို့နဲ့  ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ  သူရဦးရွှေမန်းက သဘောထားထုတ်ပြန်လိုက်ပါတယ်။ ၁၉၀၈ခုနှစ်က ပြဌာန်းခဲ့တဲ့ မတရားအသင်းများ အက်ဥပဒေဟာ အိန္ဒိယနိုင်ငံရဲ့ အက်ဥပဒေတခုဖြစ်ပြီး  အိန္ဒိယနိုင်ငံမှာတော့ ဒီဥပဒေကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့  သူရဦး ရွှေမန်းက ဒီကနေ့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားဖော်ပြပါတယ်။ အချင်းဖြစ်တဲ့ကိစ္စကို အသေးစိတ် မသိရသေးလို့ အသေးစိတ်မသုံးသပ်နိုင်သေးပေမယ့် ဥပဒေပြင်ဖို့ကိစ္စ စဉ်းစားရမယ်၊ အခုလို ပြည်တွင်းငြိမ်းချမ်းရေးအတွက်  အမျိုးသားပြန်လည် သင့်မြတ်ရေး ရင်ကြားစေ့ရန် ကြိုးစားနေချိန်မှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ပြောဆိုကြဖို့ သင့်တယ်လို့ လည်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးကို ရှေးရှုသင့်တယ်၊ တကယ်လုပ်ရင် ကုစားခွင့် သက်သာခွင့်တွေရှိနေတယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။ ဒီဗွီဘီ သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်နဲ့  ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော်တို့ ဟာ ဇွန်လ ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီး အပြန်လမ်းမှာ တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနောက် တပ်မတော်က မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁)နဲ့ နမ့်ဆန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး သီပေါအကျဉ်းထောင်သို့  ပို့ဆောင်ခံထားရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024