Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 6, 2017
ပဲပုတ်(ရှမ်း) မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ၆,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၇,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ နှမ်းနက် နှမ်းနက်ကတော့ ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅,၀၀၀ ဈေးတက်လာပါတယ်။ နှမ်းညို နှမ်းညိုကတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပန်းနှမ်း ပန်းနှမ်းက ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နွေဆန် ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေဆန်က ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၂၁,၅၀၀ ပေါက်ဈေးရှိပါတယ်။ မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၈၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၆,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၆၂၄,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ပြောင်းဆံ ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၁၅ ကျပ်ကနေ ငွေကျပ် ၅၄၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024