A d v e r t i s e m e n t With Us

နယူးယောက်တွင် အမျိုးသမီး ရဲအရာရှိတဦး ပစ်သတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဇူလိုင် ၅ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအရာရှိ အမျိုးသမီးတဦး အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီအရာရှိကို လုပ်ကြံသူကိုလည်း ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိ ရဲအရာရှိ မီအိုဆိုးတစ် ဖာမီလီယာဟာ ဇူလိုင် ၅ ရက် ညဥ့် ၁၂ နာရီခွဲလောက်က သူ့ရဲ့ ရဲကားထဲမှာ ထိုင်နေတုန်း သေနတ်သမားတဦး ရုတ်တရက်ရောက်လာပြီး ကားပြတင်းပေါက်ကတဆင့် ဖာမီလီယာရဲ့ ဦးခေါင်းကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီးက ရှင်းပြခဲ့ပါတယ်။ ဒီ့အတွက် လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားနောက်ကို ချက်ချင်း ခြေရာခံလိုက်ခဲ့ပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သေနတ်သမားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up