Monday, June 5, 2023
HomeLead Storyမီးဖြင့်သရုပ်ဖော်ပြသသူ ကြောက်မက်ဖွယ် မျက်နှာမီးလောင်မှုဖြစ် (ရုပ်သံ)

မီးဖြင့်သရုပ်ဖော်ပြသသူ ကြောက်မက်ဖွယ် မျက်နှာမီးလောင်မှုဖြစ် (ရုပ်သံ)

ပွဲတော်တခုမှာ မီးတွေနဲ့ သရုပ်ဖော်ပြသနေစဉ် မျက်နှာမီးလောင်လို့ ပွဲကြည့်ပရိသတ်က ဝိုင်းဝန်းအော်ဟစ်ပြီး မီးဝိုင်းငြှိမ်းသတ်ခဲ့ရတဲ့ အထိတ်တလန့်ရုပ်သံ ထွက်ပေါ်လာပါတယ်။

သရုပ်ပြသူ ကြောက်လန့်ကြီးစွာနဲ့ မြေပြင်ပေါ်လဲသွားပြီး မျက်နှာပေါ်မှာ မီးတောက်တွေ စွဲနေပါတယ်။

ဒီလူက ပွဲတော်အတွင်း မီးသရုပ်ဖော်ပြသရင်း မိနစ်ပိုင်းအတွင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် မီးစွဲမှုဖြစ်စေတဲ့ တတိယမြောက်လူလို့ မေရာသတင်းမှာ ရေးထားပါတယ်။

ရုရှားနိုင်ငံ ကမ်မရိုဘို အောဘလက်စ်ဒေသမှာ မီးသရုပ်ဖော်ပြသသူကို လူတွေဝိုင်းကြည့်နေစဉ် ပွဲကြည့်နေသူတဦးက ရုပ်သံကို ရိုက်ကူးနေပါတယ်၊ အချိန်အနည်းငယ်အတွင်းမှာပဲ သရုပ်ဖော်သူရဲ့မျက်နှာကို မီးစွဲပြီး လဲကျသွားကာ မီးတောက်တွေကို သူ့ဘာသာ ငြှိမ်းဖို့ကြိုးစားနေတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။

ပွဲကြည့်ပရိသတ်ထဲက လူတော်တော်များလည်း အဝတ်တွေနဲ့ မီးငြှိမ်းသတ်ဖို့ ကြိုးစားသလို အမျိုးသမီးငယ်တဦးကလည်း ရေတဘူးနဲ့ မီးငြှိမ်းသတ်ပေးတာကို တွေ့ရပါတယ်။ မီးလောင်သူကို လူနာတင်ယာဉ်နဲ့ ဆေးရုံအမြန်ပို့လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီမျက်နှာမီးလောင်မှု မတိုင်ခင်ကလည်း အခြားမီးစားပြပြီး သရုပ်ပြသူတဦး မျက်နှာမီးလောင်ခဲ့သလို နောက်သရုပ်ပြသူ တဦးကတော့ အကျီင်္ီမီးလောင်မှုဖြစ်ခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန် မရခင် မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဒီလို မီးနဲ့သရုပ်ဖော်ပြသမှုက အရမ်းအန္တရာယ်များတဲ့ သရုပ်ဖော်ဖန်တီးမှုဖြစ်လို့ သရုပ်ဖော်ပြသမှုမလုပ်ခင် သေသေချာလေ့ကျင့်မှု လုပ်သင့်တယ်လို့ လူမှုကွန်ရက် သုံးစွဲသူ တချို့က ဝေဖန်ထားပြီး လူမှုကွန်ရက်မှာ ဒီရုပ်သံကို တင်ချိန်မှာတော့ ကြည့်ရှုသူများတယ်လို့ ရေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular