Home
မြန်မာသတင်း
ကလေးနယ် နေအိမ်တလုံးတွင် မူးယစ်ဆေးဝါးနှင့် တူမီးသေနတ်တွေ့
DVB
·
July 6, 2017
ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခန့်က မူးယစ်ဆေးဝါးသတင်းအရ ကလေးနယ် ကြက်ဖနက်ကျေးရွာ နေအိမ်တလုံးကို ရှာဖွေစဉ် မူးယစ်ဆေးဝါးနဲ့ တူမီးသေနတ်တလက်ကို ရှာဖွေတွ့ရှိခဲ့တယ်လို့ စခန်းကြီးကင်းစခန်း ဒုရဲအုပ်လယ်မန်းက ဆိုပါတယ်။ “သတင်းရရချင်း ကျနော်တို့ စခန်းကြီးရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရှာဖွေခွင့်ဝရမ်းနဲ့ ကြက်ဖနက်ရွာက ကိုဌေးမင်းနိုင်တို့အိမ် ဝင်ရှာတယ်။ အဲဒီမှာ နေအိမ်အလယ်ခန်း သေတ္တာဘေးက မူးယစ်ဆေးဝါး တွေ့တာ။ အိမ်အနောက်ဘက် ထရံက တူမီးသေနတ်ကို တွေ့တာ” လို့ ရဲအုပ်လယ်မန်းက ဆိုပါတယ်။ ဖမ်းဆီးရာမှာ နေအိမ်ပိုင်ရှင် ကိုဌေးမင်းနိုင်နဲ့အတူ တရွာတည်းနေ ကိုထွန်းရွှေနဲ့ ကိုချစ်စန်းဆိုသူ ၂ ဦးကိုပါ တပါတည်း ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိ ဘိန်းဖြူ ၁ ဂရမ်၊ ပန်းရောင် စိတ်ကြွဆေး ၃၅ ပြား၊ ဘိန်းဖြူထည့်သုံးထားတဲ့ ပင်နယ်စလင် ပုလင်းခွံ ၃ လုံးနဲ့အတူ တူမီးသေနတ်တလက်ကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် ကလေးမြို့မ ရဲစခန်းက ကိုဌေးမင်းနိုင်၊ ကိုထွန်းရွှေနဲ့ ကိုချစ်ဆန်းတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ရာဇသတ်ကြီးပုဒ်မတွေနဲ့ အမှုဖွင့် ဆောင်ရွက်နေပြီး ကိုဌေးမင်းနိုင်ကိုတော့ မူးစိတ်ပုဒ်မအပြင် လက်နက်ပုဒ် ၁၉(စ)နဲ့ပါ အရေးယူ ဆောင်ရွက်နိုင်ဖို့ အမှုဖွင့်ထားပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024