Home
မြန်မာသတင်း
ညောင်လေးပင်တွင် ၂၂ ဘီးယာဉ်နှင့် ၁၂ ဘီးယာဉ် တိုက်မိ
DVB
·
July 6, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၆ ရက် မနက် ၆ နာရီအချိန်က မော်တော်ယာဉ် ၂ စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း သစ်ထုတ်လုပ်ရေးရှေ့မှာ မန္တလေးဘက်က ရန်ကုန်ဘက်ကို ဇော်မိုးသူ မောင်းနှင်လာတဲ့ ယာဉ်အမှတ် 3M/9054 MISUBISHI FUSO အမျိုးအစား ၂၂ ဘီးတွဲယာဉ်ဟာ တဖက်ယာဉ်ကြောအတွင်းကို ဝင်ရောက်ပြီး ရန်ကုန်ကနေ မန္တလေးဘက်ကို ဝင်းနိုင်ထွန်း မောင်းနှင်လာတဲ့ ယာဉ်အမှတ် 5K/5003 HINO အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ကို ၀င်တိုက်ခဲ့တာလို့ မြို့မစခန်းမှူး ဒုရဲမှူးဇော်မိုးက ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဇော်မိုးသူမှာ နဖူး၊ ပေါင်၊ ဒူး၊ ခြေသလုံးရိုး ပေါက်ပြဲ ပွန်းခြစ်ဒဏ်ရာ၊ နားထင်ပေါက် သွေးထွက်ဒဏ်ရာ၊ နားသွေးထွက် ဒဏ်ရာတွေ ရရှိခဲ့ပြီး ညောင်လေးပင်မြို့ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မော်တော်ယာဉ် မဆင်မခြင်မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောရှိ မော်တော်ယာဉ်ကို ဝင်ရောက်တိုက်မိသူ ယာဉ်မောင်း ဇော်မိုးသူကို ယာဉ်(ပ)၁၇/ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024