Home
မြန်မာသတင်း
ကရင်နီ ဒုက္ခသည်စခန်းအမှတ်(၁) မီးလောင်၊ အိမ်ခြေ ၆၀ ခန့်  ပျက်စီးဆုံးရှုံး
နန်းမြနဒီ
·
July 6, 2017
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန်မူကျေးရွာအုပ်စု နိုင်းဆွယ်ရွာက ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ ဇူလိုင် ၅ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည် အိမ်ခြေ ၆၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဆိုပါမီးလောင်မှုဟာ ရပ်ကွက် ၅ ထဲမှာ ဖြစ်သွားတာဖြစ်ပြီး အမှန်တကယ် မီးလောင်တာ အိမ်ခြေ ၃၀ ကျော်သာရှိပေမယ့် မီးတွေဆက်ပြီး ကူးစက်လောင်ကျွမ်းမှုမဖြစ်အောင် ကျန်တဲ့ အိမ်တွေပါ ဖျက်လိုက်ရလို့ စုစုပေါင်း အိမ် ၆၀ လောက် ပျက်စီးသွားတယ်လို့  စခန်းတွင်း နေထိုင်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးဘေးဒုက္ခသည်အခြေအနေတွေ သိရဖို့ ဒုက္ခသည်စခန်းကော်မတီကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဓာတ်ပုံ- Khu Oo Kayah

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024