Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တွေ့ဆုံဆွေးနွေး
DVB
·
July 6, 2017
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ မွန်းလွဲပိုင်းက  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပါတယ်။ တွေ့ဆုံရာမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေတွေနဲ့  မြန်မာနိုင်ငံနဲ့  UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်နဲ့လည်း မနေ့ ညနေက သီးခြားတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ UNHCR တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒအလျောက် နေရပ်ပြန်ရေး ကိစ္စရပ်တွေနဲ့ ရှေ့ဆက်လက် ဆောင်ရွက်သွားမယ့် အစီအမံတွေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာဖိလစ်ပိုဂရန်ဒီဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဒေသကိုလည်း သွားရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ရော ဒေသခံ ရွာသားတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024