A d v e r t i s e m e n t With Us

လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် မဟူရာ အလှဘုရင်မ (ရုပ်သံ)

တောင်ဆူဒန်နိုင်ငံမှ အသက် ၂၄ နှစ်အရွယ် ညာကင်မ်ဂက်တ်ဝက်ခ်ျကို အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မဟူရာအလှဘုရင်မဆိုတဲ့ နာမည်ပြောင်နဲ့ တင်စားခေါ်နေကြပြီး နာမည်ကြီးနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ အငှားယာဉ်မောင်းတဦးက သူ့ရဲ့ ခန္ဓာကိုယ် အသားအရောင်ကို ငွေကြေးပေါင် ၁ သောင်းပေးပြီး ချွတ်လိုက်ဖို့ ဆိုးဆိုးဝါးဝါး ဝေဖန်ပြောဆိုခဲ့ချိန်မှာ ပိုပြီး နာမည်ကြီးလာခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ညာကင်မ်က ခုလို အပြောခံလိုက်ရချိန်မှာ ချက်ချင်း ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး။ သူက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကို မော်ဒယ်အဖြစ် အလှဓာတ်ပုံတွေကို မျှဝေရုံသာမကဘဲ လူမည်းအမျိုးသမီးတွေကိုပါ ကိုယ်စားပြုနိုင်ဖို့ အပြုသဘောဆန်ဆန် သုံးခဲ့တာလို့ ဆိုပါတယ်။ မည်းနက်ပြောင်လက်နေတဲ့ အသားအရောင်နဲ့ မွေးဖွားခဲ့တဲ့ ညာကင်မ်အဖို့ အသားအရောင် ခွဲခြားဆက်ဆံခံရမှုနဲ့ စိမ်းမနေခဲ့ပါဘူး။ ခုချိန်မှာတော့ အမေရိကန်နိုင်ငံ၊ မင်နီဆိုတားပြည်နယ်မှာ နေထိုင်တဲ့ မဟူရာအလှဘုရင်မဟာ လူမည်းမိန်းကလေးတွေအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု ပိုလာစေဖို့ ရှေ့တန်းကနေ မားမားရပ်တည်ပေးနိုင်ခဲ့ပါပြီ။ ဆိုးဝါးတဲ့ လှောင်ပြောင်သရော်မှုတွေနဲ့ မှတ်ချက်တွေကို သူက အပြုသဘောဆန်ဆန် ပြန်လည်တုံ့ပြန်ခဲ့တာဟာလည်း အံ့သြစရာပါပဲ။ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ “ရှင်တို့ကို ကျမက ကိုယ်စားပြုတယ်။ ကျမကိုလည်း ရှင်တို့က ကိုယ်စားပြုနေတာပါပဲ။ အသားအရောင် ခြားနားမှုကြားက လှပမှုနဲ့ ဉာဏ်ပညာကို ကမ္ဘာကြီးကို အတူပြကြပါစို့” ဆိုပြီး ရေးခဲ့တာပါ။ လက်ရှိမှာတော့ ညာကင်မ်ဟာ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ် သိန်းနဲ့ချီ ရှိနေခဲ့ပြီး နာမည်ကျော်ကြားနေခဲ့ပါပြီ။ သူမရဲ့ နောက်ထပ်ပို့စ်တခုမှာတော့ “မည်းနက်မှုဟာ ထင်ရှားပေါ်လွင်မှုပဲ၊ လှပမှုပဲ၊ မည်းနက်မှုဟာ ရွှေပါပဲ။ အမေရိကန်စံနှုန်းတွေနဲ့ အာဖရိကန်အသည်းနှလုံးကို မပျက်စီးပါစေနဲ့။ ရှင်တို့ပိုင်ဆိုင်တဲ့ အသားအရောင်နဲ့ ကိုယ်ပိုင်ဟန်တွေကို မြတ်နိုးတတ်ပါစေ” လို့ ဖော်ပြထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up