A d v e r t i s e m e n t With Us

၁၂ ထပ်တိုက်ခန်းမှ ခုန်ချသေကြောင်းကြံသည့် ဆယ်ကျော်သက်ကို စွန့်စားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ၁၂ ထပ်အမြင့် တိုက်ခန်းတခုကနေ ခုန်ချသေကြောင်းကြံဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတဦးကို ကယ်ဆယ်ရေးသမားတွေက စွန့်စား ကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အန်ဟွီးခရိုင်၊ ဝူဟူမြို့မှာ ဇူလိုင် ၃ ရက်နေ့က ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဆယ်ကျော်သက်ကောင်လေးဟာ ကောလိပ်ကျောင်းသားတဦးဖြစ်ကာ မိဘတွေနဲ့ စကားများပြီး ခုန်ချသေကြောင်းကြံဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ သူဟာ မြေပြင်ကနေ အမြင့်ပေ ၁၃၀ ရှိတဲ့ အခန်းပြတင်းပေါက်ဘောင်မှာ ထိုင်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သတင်းပေးချက်အရ ကယ်ဆယ်ရေးသမားတွေဟာ အဲဒီအိမ်ရာဆီ ရောက်ရှိလာခဲ့ကြတာပါ။ အဲဒီနောက်တော့ ကယ်ဆယ်ရေးသမားတဦးက ကောင်လေးထိုင်နေတဲ့အထပ်ရဲ့ အပေါ်တထပ် ၁၃ ထပ်အမြင့် တိုက်ခန်းကနေ အောက်ကို ကြိုးနဲ့ခိုဆင်းပြီး ပြတင်းတံခါးဘောင်မှာ ထိုင်နေတဲ့ ကောင်လေးရဲ့ရင်ဘတ်ကို ကန်ထုတ်ခဲ့ကာ ကယ်တင်ခဲ့တာကို တွေ့ရပါတယ်။ ဆယ်ကျော်သက်ကောင်လေးဟာ ကန်ထုတ်ခံရတဲ့အရှိန်ကြောင့် တိုက်ခန်းတွင်း နောက်ပြန်ကျသွားခဲ့တာပါ။ သူက မိဘတွေနဲ့ စကားများခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခဲ့တာလို့ ရဲတွေကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up