Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီးမြို့ရေကြီး
DVB
·
July 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရပ်ကွက် ၄ ခု ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါတယ်။ ခန္တီးမြို့ခံ ကိုအောင်မျိုးက “အခု ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ပေါ်ဖြစ်တဲ့ ပေါ်မိုင်းရပ်ကွက်၊ အောင်သာရပ်ကွက်၊ သာစည်ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်တွေမှာ ရေဝင်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ လောလောဆယ်မှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေတဲ့ လူနေအိမ်တွေကို၊ မိသားစုဝင်တွေကို ခန္တီးမြို့ မြသိန်းတန်ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ မြသိန်းတန် ဘုန်းကြီးမှာ ရောက်ရှိနေတဲ့ ရေဘေးရှောင် ပြည်သူတဦးက “ဘုန်းကြီးကျောင်းမှာရှိတဲ့ လူတွေက အယောက် ၃၀ လောက်ရှိပါတယ်။ မနေ့က ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးက စားသောက်ဖွယ်ရာတွေ လာရောက်ပေးခဲ့တယ်”လို့ ပြောပါတယ်။ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်မှတ်အထက်ကျော်နေပြီး ခန္တီးမြို့နယ်ကျေးရွာ ငါးရွာလောက် ရေနစ်မြုပ်နေကြောင်း သိရပါတယ်။ ခန္တီးမြို့ မြို့မဈေးကိုလည်း ရေလွတ်ရာ ပြောင်းရွှေ့ဖွင့်လှစ် ထားပါတယ်။ သတင်း - အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024