Home
မြန်မာသတင်း
ရေးမြို့နယ်၌ သေနတ်ကိုင်ဆောင် ခြိမ်းခြောက်ငွေတောင်းခံမှု တနေ့တည်း ၂ ကြိမ်ဖြစ်ပွား
DVB
·
July 5, 2017
  ရေးမြို့နယ်မှာ ဒီနေ့ တနေ့တည်း သေနတ်ကိုင်ဆောင် ခြိမ်းခြောက်ငွေတောင်းခံမှု ၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ရေးမြို့မရဲစခန်းက ပြောပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု ဝဲရက်ကွင်း အစင်ကျေးရွာဈေးအနီးရှိ ဒေါ်မတ္တရာပိုင်ဆိုင်တဲ့ ရာဘာခြံတဲပေါ်မှာ ဦးဝင်းဦး ခြံလုပ်ကိုင်နေသူ မိသားစုနဲ့အတူအိပ်နေစဉ် သေနတ်ကိုင်ဆောင်ငွေတောင်းခံမှု ဇူလိုင် ၄ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး အလားတူ အဘော်ကျေးရွာ ဝဲရက်ကွင်း ရာဘာခြံမှာ မနက် ၁ နာရီ ၄၀ မိနစ်လောက်က ဦးမောင်လွင်အိပ်ယာထံမှ ငွေကျပ် ၁၆၀၀၀ ကျပ် ခြိမ်းခြောက်တောင်းခံမှုလည်း ဖြစ်ပွားခဲ့တာပါ။ “သေနတ်သမားမှာ ခန္ဓာကိုယ်ဝပုပု ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး ခြိမ်းခြောက်ကာ ခြံတဲပေါ် မွှေနှောက်ပြီး ငွေကျပ် ၄ သိန်း ၆ သောင်းကျပ်နဲ့ samsung အမျိုးစားဖုန်း ၂ လုံးပါ ယူဆောင်သွား ခဲ့တယ်” လို့ ဦးဝင်းဦးက ရဲတပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးပြောချက်အရ သိရပါတယ်။ ဦးဝင်းဦးက ဇူလိုင် ၄ ရက်နေ့ ည ၈ နာရီအချိန်မှာ ရေးမြို့မရဲစခန်းထံမှာ တိုင်တန်းမှု ပြုလုပ်ခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဝင်းဦးကို သေနတ်နဲ့ ခြိမ်းခြောက်ငွေတောင်းသူ အမည်မသိတဦးကို ရေးမြို့မရဲစခန်း(ပ)/၁၇၈/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၉၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံဖမ်းဆီးမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဆေးနေတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024